မေလ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့များက လက်နက်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဥူးဓမ္မပီယ(၅၇)နှစ် ဝါတော်(၃၀)အား ကျောင်းအပြင်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဆရာတော်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်နှင့်အတူ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသော ဥူးသူရိယ(၄၄)နှစ် ဝါတော်(၂၄)ဝါနှင့် ဥူးဉာဏိက(၃၅)နှစ် ဝါတော်(၁၆)ဝါတို့မှာ အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှလွတ်မြောက်နိုင်ရေးထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရပါသည်။
NUG အဖွဲ့၏စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် ငါနဲ့မတူ ငါ့ရန်သူ အယူအဆဖြင့် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်နက်အားကိုး၍ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား ယုတ်မာရက်စက်စွာ လုပ်ဆောင် လျက်ရှိသဖြင့် ပြည်သူများက ၎င်းတို့၏လုပ်ရပ်များအပေါ် စက်ဆုပ်ရွံရှာမုန်းတီးလျက်ရှိကြောင်းသိရှိရပါသည်။
မေလ ၆ ရက်အထိ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော်စုစုပေါင်း (၄၅) ပါးနှင့် သီလရှင် (၁) ပါးတို့သေဆုံးခဲ့ပြီး သံဃာတော်စုစုပေါင်း (၁၅) ပါးတို့ ဒဏ်ရာရရှိခဲ့ပါသည်။ ယခုကဲ့သို့ သာသနာ့အနွယ်ဝင်သံဃာတော်များအား ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်အဖွဲ့များက မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဥူးဓမ္မပီယ(၅၇)နှစ် ဝါတော် (၃၀)အား ကျောင်းအပြင်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဆရာတော်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့။
မေလ ၆ ရက်အထိ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော်စုစုပေါင်း (၄၅) ပါး၊ သီလရှင် (၁) ပါးတို့ သေဆုံးခဲ့ပြီး သံဃာတော်စုစုပေါင်း (၁၅) ပါးတို့ ဒဏ်ရာရရှိခဲ့ပါသည်။
Add new comment