Consultative Meeting တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ရောက်ရှိနေသော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (United Nations Office For the Coordination of Humanitarian Affairs-OCHA) ၏ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ms. Joyce Msuya ၏ မေတ္တာရပ်ခံချက်အရ ခေတ္တတည်းခိုသည့် Sokha Hotel ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် မြန်မာလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များဖြစ်ကြသည့် ကျန်း မာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရှိရပါသည်။
- Consultative Meeting တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် OCHA's ၏ လူ့အခွင့် အရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ms. Joyce Msuya ၏ မေတ္တာရပ်ခံချက်အရ ခေတ္တတည်းခိုသည့် Sokha Hotel ၌ လက်ခံတွေ့ဆုံခဲ့။
Add new comment