ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေးဟိဒဲအို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများက မေလ ၅ ရက်တွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။
ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအားဆွေးနွေးခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် မြန်မာ-ဂျပန် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၌ လုပ်ငန်းခွင်အတွေ့အကြုံနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရေး၊ ဈေးကွက်များသို့ ရောက်ရှိစေရန် သိုလှောင်ပို့ဆောင်မှုစနစ်များ ဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ စိန်တစ်လုံးသရက်နှင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ အရည်အသွေးမြင့် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဈေးကွက် ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
- ပြည်ထောင်စုဝန်ကြီးများက ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေးဟိဒဲအို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မေလ ၅ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအားလည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအားလည်းကောင်း ဆွေးနွေးခဲ့။
Add new comment