နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုကိုးကျွန်းမြို့ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ မေလ ၅ ရက်တွင် ကိုကိုးကျွန်းမြို့ရှိ အရာရှိ၊ စစ်သည် မိသားစုဝင် များအားတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာ-

  • ကိုကိုးကျွန်းမြို့၏ဖြစ်ပေါ်တိုးတက်မှုကို အားလုံးတွေ့မြင်နိုင်မည်ဖြစ်ပြီး သင့်တင့်သောလူစည်ကားမှုနှင့်အတူ ပထဝီနိုင်ငံရေးအရ အရေးပါသောမြေနေရာအား တည်ငြိမ်မှုကို မလိုလားသော အကြမ်းဖက်အဖွဲ့အစည်းများ ထိုးဖောက်ဝင်ရောက်လာမှုမရှိအောင် လုံခြုံရေးသတိရှိနေရန်လိုကြောင်း။
  • ရေခြားမြေခြားတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ တပ်တွင်း၌သာမက တပ်ပြင်နှင့်တစ်သားတည်း စည်းလုံးမှုရှိအောင် နေထိုင်ခြင်းဖြင့် အကြမ်းဖက်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း။
  • စည်းလုံးညီညွတ်မှုအတွက် အကောင်းဆုံးအထောက်အကူပြုမှာ အားကစားပြိုင်ပွဲများဖြစ်၍ အစုအဖွဲ့ဖြင့် လူအများအပြားပါဝင်ကစားနိုင်သော အားကစားပွဲများ ဆောင်ရွက်ပေးရန်လိုကြောင်း။
  • အဆောက်အဦထိန်းသိမ်းမှုနှင့်ပတ်သက်၍ စစ်သည်မိသားစုများအတွက် လိုအပ်သော အခြေခံအဆောက်အဦများကို နိုင်ငံတော်ဘတ်ဂျက်မှ ဆောင်ရွက်ပေးထားပြီးဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျထိန်းသိမ်းသုံးစွဲကြရန်လိုကြောင်း။
  • မိခင်ဌာနချုပ်များနှင့် အလှန်ဝေးကွာသည့်နေရာတွင် တာဝန်ထမ်းဆောင်နေရသူများဖြစ်၍ ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်းများကို တာဝန်ရှိသူများ စနစ်တကျစီမံခန့်ခွဲ၍ မပျက်မကွက် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်မှာကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တာဝန်ရှိသူများသည် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) သို့သွားရောက်၍ ဆေးရုံရေယာဉ်ပေါ်တွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများအား ကြည့်ရှုအားပေးစကားပြောကြားကာ မျက်စိခွဲစိတ်လူနာများအား ဆေးမျက်မှန်များ တပ်ဆင်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။  

  • ကိုကိုးကျွန်းမြို့၏ဖြစ်ပေါ်တိုးတက်မှုကို အားလုံးတွေ့မြင်နိုင်မည်ဖြစ်ပြီး သင့်တင့်သောလူစည်ကားမှုနှင့်အတူ ပထဝီနိုင်ငံရေးအရ အရေးပါသောမြေနေရာအား တည်ငြိမ် မှုကို မလိုလားသော အကြမ်းဖက်အဖွဲ့အစည်းများ ထိုးဖောက်ဝင်ရောက်လာမှုမရှိအောင် လုံခြုံရေးသတိရှိနေရန်လို။
  • ရေခြားမြေခြားတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ တပ်တွင်း၌သာမက တပ်ပြင်နှင့်တစ်သားတည်း စည်းလုံးမှုရှိအောင်နေထိုင်ခြင်းဖြင့် အကြမ်းဖက်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်။
  • စည်းလုံးညီညွတ်မှုအတွက် အကောင်းဆုံးအထောက်အကူပြုမှာ အားကစားပြိုင်ပွဲများဖြစ်၍ အစုအဖွဲ့ဖြင့် လူအများအပြားပါဝင်ကစားနိုင်သော အားကစားပွဲများ ဆောင်ရွက်ပေးရန်လို။

 

 

 

Add new comment