နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မေလ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား မြို့နယ်ခန်းမတွင် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာ-

  • ကိုကိုးကျွန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် ရေခြားမြေခြားလျက် တည်နေရာအရ နိုင်ငံ၏ရှေ့တန်းအကျဆုံးနေရာတွင် သည်းခံစိတ်ရှည်စွာဖြင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ အသိအမှတ်ပြုအားပေးကြောင်း။
  • တစ်ဦးချင်းဝင်ငွေရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို တာဝန်ပေး၍ SME လုပ်ငန်းအဖြစ် အုန်းဆံကြိုးစက်ရုံနှင့် အုန်းနှင့်ဆက်စပ်သည့် လူသုံးကုန်ထုတ်ပစ္စည်း လက်မှုလုပ်ငန်းများလုပ်ဆောင်ရန် သင်တန်းပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • လက်မှုလုပ်ငန်းအတွက် သင်တန်းပေးရာတွင် ပြောင်းလဲလာသော လူနေမှုစနစ်အရ ခေတ်နှင့်လျော်ညီ၍ အမှန်တကယ်သုံးစွဲသည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်နိုင်ရန် သင်တန်းပို့ချရန်လိုကြောင်း။
  • ဒေသ၏အားသာချက်ဖြစ်သော အုန်းသီးကြွယ်ဝစွာထွက်ရှိမှုကို အခြေခံ၍ နည်းပညာဖြင့် လူသုံးကုန်သစ်များ ထုတ်လုပ်နိုင်ရေးနည်းလမ်းရှာကျန် ဆောင်ရွက်ရန်လိုကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍ တိုးတက်လာသော IT ခေတ်တွင် ကျေးလက်နှင့် မြို့ပြသင်ယူနိုင်သည့် အခြေအနေမှာ များစွာကွာခြားမှုမရှိဘဲ ဆရာ၊ ဆရာမ များ၏ စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာသုံးနာဖြင့် သင်ကြားပေးမှု၊ ကျောင်းသား/ကျောင်းသူများ၏ တက်မြောက်လိုမှု၊ မိဘနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၏ အားပေးဆောင်ရွက်မှုဖြင့် အောင်ချက်မြင့်မားလာမည်ဖြစ်ကြောင်း။
  • ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်၍ အခြေအဆောက်အဦ လိုအပ်ချက်များ စတင်ဖြည့်ဆည်းလာခဲ့ပြီး ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် နှစ်ပါတ်တစ်ကြိမ် တပ်မတော်လေယာဉ်ဖြင့်လည်းကောင်း၊ တစ်လတစ်ကြိမ် တပ်မတော်ရေယာဉ်များဖြင့်လည်းကောင်း သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း။
  • ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း၍ ဝိုင်းဝန်းလုပ်ဆောင်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် ဒေသဖွံဖြိုးရေးအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံပေးအပ်ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှုကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါ သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းက ဖွင့်လှစ်သင်ကြားပေးနေသည့် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် အောင်နိုင်သူ အုန်းဆံကြိုး ထုတ်လုပ်မှုလုပ်ငန်းတို့သို့ သွားရောက်ကြည့်ရှုကြပြီး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံ၊ စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် အောင်နိုင်သူ အုန်းဆံကြိုးထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • တစ်ဦးချင်းဝင်ငွေရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို တာဝန်ပေး၍ SME လုပ်ငန်းအဖြစ် အုန်းဆံကြိုးစက်ရုံနှင့် အုန်းနှင့်ဆက်စပ်သည့် လူသုံးကုန်ထုတ်ပစ္စည်း လက်မှုလုပ်ငန်းများလုပ်ဆောင်ရန် သင်တန်းပေးမှုများ ဆောင်ရွက်ပေးလျက်ရှိ။
  • ဒေသ၏အားသာချက်ဖြစ်သော အုန်းသီးကြွယ်ဝစွာထွက်ရှိမှုကို အခြေခံ၍ နည်းပညာဖြင့် လူသုံးကုန်သစ်များ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာကျန် ဆောင်ရွက်ရန်လို။
  • ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရေးအတွက် နှစ်ပါတ်တစ်ကြိမ် တပ်မတော်လေယာဉ်ဖြင့်လည်းကောင်း၊ တစ်လတစ်ကြိမ် တပ်မတော်ရေ ယာဉ်များဖြင့် လည်းကောင်း သယ်ယူပို့ဆောင်ပေးလျက်ရှိ။

 

Add new comment