နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို မေလ ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ၌-

  • ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော အခက်အခဲအကျပ်အတည်းများကို ပြည်သူလူထုနှင့် အစိုးရအဖွဲ့အဆင့်ဆင့်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် လက်ရှိအခြေ အနေသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါအခက်အခဲများကြားကပင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသားအားလုံးတွင် ဒီမိုကရေစီ အခွင့်အရေးများရှိသော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေချိန်တွင် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ကြောင်း။
  • အကြမ်းဖက်ကိစ္စများတွင် NUG မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး NCA ကို ချိုးဖောက်ကာ ကျင့်ဝတ်များကို လိုက်နာမှုမရှိသည့် အချို့ EAO များနှင့် ပြည်ပအဖွဲ့အစည်းများ၏ထောက်ပံ့မှုများကြောင့် PDF အကြမ်းဖက်သမားများက အကြမ်းဖက်သတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင် လာခြင်းဖြစ်ကြောင်း။
  • နိုင်ငံရေးဖြစ်စဉ်ကိုအသုံးချ၍ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အချို့အဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို လက်ခံမှုမရှိသည်ကို တွေ့ရှိရကြောင်း။
  • ငြိမ်းချမ်းရေးရရှိရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ၁၉၄၇ ပင်လုံစာချုပ်အပေါ် အဓိပ္ပါယ်အမျိုးမျိုးဖွဲ့ဆိုကာ တောင်းဆိုချက်အမျိုးမျိုးကြောင့်ဖြစ်လာသည့် တိုင်း ရင်းသားလက်နက်ကိုင်ပဋိပက္ခသည် ၇၅ နှစ်တာကာလ ရောက်လာပြီဖြစ်ကြောင်း။
  • ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ နိုင်ငံရေးသဘောထားကွဲလွဲမှု၊ ထိုမှတစ်ဆင့် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် တောခိုခြင်းဖြင့် ကွန်မြူနစ် လက်နက်ကိုင်ပဋိပက္ခကစခဲ့ခြင်းသည် ပြည်တွင်းတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်လာခဲ့ကြောင်း၊ တိုင်းရင်းသားရေးရာအခြေအနေများ ဆိုးလာသည့်အချိန်တွင် တပ်မတော်ရှိ အချို့အဖွဲ့အစည်းများပါ တောခိုသည့်အဆင့်ရောက်လာကြောင်း။
  • ထိုဇစ်မြစ်က ယခုအချိန်ထိ အကင်းမသေသေးသောကြောင့် ဖြေရှင်းနိုင်ရန်အတွက် ခေတ်အဆက်ဆက်ကြိုးစားခဲ့ရာ ဦးနုလက်ထက်၊ ဗိုလ်ချုပ်ကြီးနေဝင်းတို့ လက်ထက် တွင်လည်း ၎င်းတို့ နိုင်ငံရေးတာဝန်ယူစဉ် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများ လုပ်ခဲ့ကြကြောင်း၊ ထင်ရှားသည့်သမိုင်းတွင် သူတို့ “ကျောခိုင်းသွားကြလေပြီ”ဆိုသည့် ပုံလေးနှင့် ပေါက်ခေါင်းဘက်တွင် ဗကပများ ချောင်းကိုဖြတ်ပြီး ပြန်ထွက်သွားသည့်ပုံက သမိုင်းတွင်အင်မတန်ထင်ရှားသော သာဓကတစ်ခုဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် မုဆိုးစောဟန်သာမွှေး ဦးဆောင်သော KNC အဖွဲ့နှင့်သာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ဤသည်မှာ တော်လှန်ရေးကောင်စီခေတ်ဖြစ်ကြောင်း။
  • လမ်းစဉ်ပါတီခေတ်တွင်လည်း ဦးနေဝင်းတို့ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ တပ်မတော်အစိုးရတက်သည့် ၁၉၈၉ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအရ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်လိုက်ကြောင်း၊ စာချုပ်မချုပ်နိုင်ဘဲ Gentlemen agreement တွေပဲယူခဲ့ကြောင်း၊ UWSA “ဝ”အဖွဲ့၊ မိုင်းလားအဖွဲ့၊ ဦးစခုံတိန့်ယိမ်း တို့ အထူးဒေသ ၁ ၊ ၂ ၊ ၃ တို့ဖြင့် အများကြီးရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေးစာချုပ်မချုပ်နိုင်ခဲ့ကြောင်း။
  • ၂၀၁၅ ခုနှစ် ဦးသိန်းစိန် လက်ထက်တွင် NCA စာချုပ်ချုပ်တဲ့အထိ ရောက်လာခဲ့သော်လည်း လုံးလုံးလျားလျား မပြီးခဲ့ကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု)ပင်လုံလုပ်ခဲ့ကြောင်း၊ ယခုထိတိုင်းပြည်လည်း မငြိမ်းချမ်း၊ ဒီမိုကရေစီအခွင့်အရေးလည်းမခံစားရ၊ လွတ်လပ်ရေး၏ အသီးအပွင့်လည်း မခံစားရသဖြင့် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ရအောင် ကြိုးစားကြည့်မယ်ဆိုပြီး မနှစ်ကတည်းက ပြောခဲ့ကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းအားလုံး၏ ခေါင်းဆောင် များကိုယ်တိုင်နှင့် တစ်ဖွဲ့ချင်းတွေ့မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များလာရောက်သည့်အခါတွင် တိုင်ပင်၍ရအောင် အဖွဲ့ဝင်နှစ်ယောက်နှင့်လာခဲ့ရန်လိုကြောင်း၊ ပထမဦးဆုံး နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တွေ့ပြီး နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ အဖွဲ့ဝင် ၃ ဦးနှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များနှင့် တစ်ဖွဲ့ချင်းဆွေးနွေးမည် ဖြစ်ကြောင်း။
  • ဆွေးနွေးရာတွင် ၎င်းတို့ လိုချင်သည်များကို မိမိတို့က တတ်နိုင်သလောက် ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး တစ်ဖက်တည်းကတင်းနေ၍မရဘဲ ညှိနှိုင်းဖြေရှင်းရမှာဖြစ်ကြောင်း။ သို့သော် မိမိတို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြစ်အောင်သွားရမည်ဖြစ်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရေစီနိုင်ငံတော်သည်  ပြည်သူတစ်ရပ် လုံးက လိုချင်သည့်ဆန္ဒဖြစ်ကြောင်း။
  • မိမိတို့ အုပ်ချုပ်မှုပုံစံသည် ဆင့်ကဲဆင့်ကဲအုပ်ချုပ်မှု၊ ခွဲဝေပေးသည့်အုပ်ချုပ်မှုစနစ် ပုံစံမျိုးနီးပါးဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်အုပ်ချုပ်မှု စနစ်ကိုသွားတာ ပိုကောင်းမည်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား သေချာနားလည်အောင် ရှင်းပြပြီးပါက ၎င်းတို့ ဘယ်လိုဖြစ်ချင်တာလဲ၊ တိုင်းပြည်အခြေအနေက ဒီလိုရှိကြောင်း ရှင်းလင်းကြမည်ဖြစ်ပြီး ၎င်းတို့ပြောသည်များကို သေချာနားထောင်၍ ဖြစ်သင့်ဖြစ်ထိုက်တာကို ဆန္ဒနှင့် ဘဝနှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရမည်ဖြစ်ကြောင်း။
  • ကမ္ဘာကြီး၏ တိုးတက်မှုသည် (Moving Forward)ဖြင့် သွားနေခြင်းဖြစ်ပြီး မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး ဝင်ငွေရှိစေရေးအတွက် ရှိပြီးသား မြေပေါ်မြေအောက်သယံဇာတများနှင့် လူသားအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချရန်လိုကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်သဖြင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ဒီဇယ်၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့များရှားပါးခြင်းနှင့် ဈေးနှုန်းမြင့်တက်လာမှုအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံတွင် အဓိကသီးနှံဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးအတွက်လိုအပ်သည့်ရေနှင့် သွင်းအားစုများရရှိ အောင်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို နိုင်ငံအနှံ့အပြား၌ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာ မည်ဆိုပါက ပြည်ပသို့သွားရောက် လုပ်ကိုင်မှုများနည်းပါးသွားမည်ဖြစ်ပြီး နိုင်ငံအတွက် လုပ်အားဆုံးရှုံးမှုများ နည်းပါးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း။
  • မိမိတို့အနေဖြင့် ယခုအခါကုန်သွယ်မှုပိုငွေပြနေသည်မှာ ၉ လရှိပြီဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်တွင်း၌ ထုတ်လုပ်မှုထက် ပြည်ပမှတင်သွင်းမှုများကို ဦးစားပေးဆောင်ရွက်ခဲ့မှုအတွက် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အစိုးရ အဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်ဝင်ငွေများရရှိရေး၊ အခွန်အခများအားလုံး မှန်မှန်ကန်ကန်ရရှိရေး၊ နိုင်ငံပိုင်လုပ်ငန်းများ အောင်မြင်မှုရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုတွင် ဘိလပ်မြေနှင့် သံမဏိများ ထုတ်လုပ်နိုင်သည့်အခြေခံကုန်ကြမ်းများ များစွာရှိသဖြင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး တိုင်းရင်းသားလုပ်ငန်းရှင်များဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရန် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စက်မှုလုပ်ငန်းများဆောင်ရွက်၍ ထုတ်ကုန်များထုတ် လုပ်နိုင်ရန်အတွက် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များကို အားပေးဆောင် ရွက်ရန်လိုကြောင်း၊ အစိုးရတစ်ရပ်သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသဖြင့် ချင့်ချိန်ဆောင်ရွက်ကြရန်လိုကြောင်း။
  • သတ်မှတ်ကာလအတွင်း အဆင့်မြင့်နှင့်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လာမည့်ပညာသင်နှစ်အတွင်း ပညာရေးကို အားပေးဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပညာတတ်များပေါကြွယ်ဝမှသာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • နိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရေရှည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားစိတ်ဓာတ်သည် တိုင်းချစ်ပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ်လိုသည့်စိတ် ဖြစ်ပေါ်စေမည်ဖြစ်သည့်အတွက် အားကစားကဏ္ဍကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲသို့တက်ရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း။
  • လက်ရှိအချိန်တွင် လူငယ်လူရွယ်များအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် နည်းပါးနေသည်ကို တွေ့ရကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် အချို့ သောမြန်မာလူငယ်များ၊ အချို့သောပြည်ပအခြေပြု မြန်မာအသိုက်အဝန်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကင်းမဲ့စွာဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေမှန်ကို မသိရှိဘဲ နိုင်ငံရပ်ခြားမှနေ၍ တိုင်းပြည်ပျက်စီးအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း။
  • ထို့ကြောင့် လူငယ်လူရွယ်များအကြား တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်နှင့် ထိုမှတစ်ဆင့် မျိုးချစ်စိတ်ရှိရန်၊ မြန်မာဟူသည့်စိတ်ရှိရန် သင်ကြား၊ ဆွေးနွေး၊ လေ့ကျင့်ပေးရန် လိုအပ်ကြောင်း။
  • လူငယ်များ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိစေရေးအတွက် ဦးဆောင်ပုံဖော်သူများအနေဖြင့်လည်း အမျိုးသားရေးစရိုက်လက္ခဏာများနှင့် ကိုက်ညီမှုရှိရန်လိုအပ် ကြောင်း၊ ရုပ်ရှင်၊ ဂီတနှင့် ဖျော်ဖြေပွဲများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများကို မထိခိုက်ဘဲ တိုင်းချစ်ပြည်ချစ်စိတ်ရှိလာအောင် အသိပညာ ပေးနိုင်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်မှ ရသင့်ရထိုက်သော ဝင်ငွေများရရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ဘဏ္ဍာငွေ တိုးတက်ရရှိမှသာ နိုင်ငံ့ဝန်ထမ်းများအတွက် လိုအပ်သောထောက်ပံ့မှု၊ ပံ့ပိုးမှုများ နှင့် တိုင်းပြည်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသားအားလုံးတွင် ဒီမိုကရေစီ အခွင့်အရေးများရှိသော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်
  • အကြမ်းဖက်ကိစ္စများတွင် NUG မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး NCA ကို ချိုးဖောက်ကာ ကျင့်ဝတ်များကို လိုက်နာမှုမရှိသည့် အချို့ EAO များနှင့် ပြည်ပအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကြောင့် PDF အကြမ်းဖက်သမားများက အကြမ်းဖက်သတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ် ဆောင်လာခြင်းဖြစ်။
  • နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများပြုလုပ်ခဲ့၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းအားလုံး၏ ခေါင်းဆောင်များ ကိုယ်တိုင်နှင့် တစ်ဖွဲ့ချင်းတွေ့မည်ဖြစ်၊ ခေါင်းဆောင်များ လာရောက်သည့်အခါတွင် တိုင်ပင်၍ရအောင် အဖွဲ့ဝင်နှစ်ယောက်နှင့် လာခဲ့ရန်လို၊ ပထမဦးဆုံး နိုင်ငံတော် ဝန်ကြီးချုပ်နှင့်တွေ့ပြီး နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ အဖွဲ့ဝင် ၃ ဦးနှင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များနှင့် တစ်ဖွဲ့ချင်းဆွေးနွေးမည်ဖြစ်။
  • ဆွေးနွေးရာတွင် ၎င်းတို့ လိုချင်သည်များကို မိမိတို့က တတ်နိုင်သလောက် ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး တစ်ဖက်တည်းကတင်းနေ၍မရဘဲ ညှိနှိုင်းဖြေရှင်းရမှာဖြစ်၊ သို့သော် မိမိတို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြစ်အောင်သွားရမည်ဖြစ်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရေစီနိုင်ငံတော်သည်  ပြည်သူတစ်ရပ်လုံးက လိုချင်သည့်ဆန္ဒဖြစ်။
  • ကမ္ဘာကြီး၏ တိုးတက်မှုသည် (Moving Forward)ဖြင့် သွားနေခြင်းဖြစ်ပြီး မိမိတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်
  • မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စက်မှုလုပ်ငန်းများဆောင်ရွက်၍ ထုတ်ကုန်များထုတ် လုပ်နိုင်ရန်အတွက် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များကို အားပေးဆောင် ရွက်ရန်လို။
  • ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် အချို့သော မြန်မာလူငယ်များ၊ အချို့သော ပြည်ပအခြေပြု မြန်မာအသိုက်အဝန်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့ စွာဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေမှန်ကို မသိရှိဘဲ နိုင်ငံရပ်ခြားမှနေ၍ တိုင်းပြည်ပျက်စီးအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရ
  • ရုပ်ရှင်၊ ဂီတနှင့် ဖျော်ဖြေပွဲများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများကို မထိခိုက်ဘဲ တိုင်းချစ်ပြည်ချစ်စိတ်ရှိလာအောင် အသိပညာပေးနိုင် ရမည်ဖြစ်

Add new comment