တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် တနင်္သာရီကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

 

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် မေလ ၂ ရက်တွင် အမှတ်(၄) ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှ ထွက်ခွာခဲ့ပါသည်။

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် မေလ ၄ ရက်တွင် ကိုကိုးကျွန်းရှိ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူ ၃၉၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးခဲ့ရာ-

  • စုစုပေါင်း ၃၉၅ ဦးမှာ ဆေးကုသမှုဆိုင်ရာရောဂါ ၇၅ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၅ ဦး၊ ကလေးရောဂါ ၄၀၊ အရိုးရောဂါ ၆၅ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိရောဂါ ၉၀ ဦးနှင့် သွားနှင့်ခံတွင်း ရောဂါ ၃၅ ဦးတို့ဖြစ်။
  • ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦး၊ ECG ဖြင့် နှလုံးစမ်း သပ်လူနာ ၃၀ ဦးနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၀ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့။

     တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တွင် ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် မေလ ၂ ရက် တွင် စတင်ထွက်ခွာခဲ့ပြီး မေလ ၄ ရက်တွင် ကိုကိုးကျွန်းရှိ ဒေသခံပြည်သူ ၃၉၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးခဲ့။

 

Add new comment