နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ရှိသူတို့လိုက်ပါ၍ မေလ ၄ ရက်တွင် မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာ-

  • အဆင့်အတန်းအားလုံးသည် တည်မြဲအမိန့်အသီးသီးတွင် ကိုယ်စီတာဝန်ဝတ္တရားများ သတ်မှတ်ပေးထားပြီးဖြစ်၍ တစ်ဦးချင်းအလိုက် သိရှိနားလည်ရန်လိုအပ်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်ကိုသိရှိပါက လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အသားကျသော လေ့ကျင့်မှု လိုအပ်မည်ဖြစ်ကြောင်း။
  • ဖွဲ့စည်းထားသော လက်ရုံးဝန်ထမ်းများအနေဖြင့် သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာဘာသာရပ်များကို ပြောင်းလဲတိုးတက်လာသည့် စစ်မှုသိပ္ပံနည်းပညာများနှင့်အညီ တတ်ကျွမ်းနေရန် မပြတ်လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း။
  • တပ်မတော်၏အုပ်ချုပ်ရေးကို စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပင်နယန်ကြီး သုံးရပ်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းတာဝန်အားလုံးအတွက် လုပ်ထုံးလုပ်နည်းစည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းထမ်းဆောင်နေသည့် ကာလ ၁ နှစ်နှင့် ၃ လအတွင်း ပြည်တွင်း၊ ပြည်ပသွေးထိုးလှုံ့ဆော်မှုများ၊ အဖျက်အမှောင့်နှင့် အကြမ်းဖက်လုပ်ငန်းများအပြင် ဘာသာသာသနာကို ဖျက်ဆီးစော်ကားသည်အထိ လုပ်ဆောင်၍ နိုင်ငံကိုအလုံးစုံပျက်စီးအောင် ကြိုးပမ်းမှုများကို နိုင်ငံ့ဝန်ထမ်းကောင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့် လက်တွဲ၍ ပူးပေါင်းကျော်လွှားနိုင်ခဲ့ကြောင်း။
  • အုပ်ချုပ်မှုယန္တရားရပ်တန့်၍ တည်ဆဲအစိုးရပြုတ်ကျရန် ကြိုးပမ်းမှုမအောင်မြင်သောအခါ ဖွဲ့စည်းမှုခိုင်မာသော တပ်မတော်ကိုဖြိုခွဲရန် ကြိုးစားလာသော်လည်း အချည်းနှီးသာဖြစ်ခဲ့ကြောင်းဖြင့်ပြောကြားခဲ့ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ မော်လမြိုင်မြို့နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြား၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည့်အပြင် ဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

  • အဆင့်အတန်းအားလုံးသည် တည်မြဲအမိန့်အသီးသီးတွင် ကိုယ်စီတာဝန်ဝတ္တရားများ သတ်မှတ်ပေးထားပြီးဖြစ်၍ တစ်ဦးချင်းအလိုက် သိရှိနားလည်ရန်လိုအပ်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်ကိုသိရှိပါက လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အသားကျသော လေ့ကျင့်မှုလိုအပ်မည်ဖြစ်။
  • လေ့ကျင့်မှုပြည့်ဝမှသာလျှင် ဖွဲ့စည်းတပ်ဆင်ပေးထားသော ခေတ်မီစစ်လက်နက်ပစ္စည်းကိရိယာနှင့်ယန္တရားများကို ပိုင်နိုင်စွာ အသုံးချနိုင်မည်ဖြစ်။
  • တပ်မတော်၏အုပ်ချုပ်ရေးကို စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပင်နယန်ကြီး သုံးရပ်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းတာဝန်အားလုံးအတွက် လုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ပေးထားပြီးဖြစ်။
  • အုပ်ချုပ်မှုယန္တရားရပ်တန့်၍ တည်ဆဲအစိုးရပြုတ်ကျရန် ကြိုးပမ်းမှုမအောင်မြင်သောအခါ ဖွဲ့စည်းမှုခိုင်မာသော တပ်မတော်ကိုဖြိုခွဲရန် ကြိုးစားလာသော်လည်း အချည်းနှီးသာဖြစ်ခဲ့။

 

 

 

 

Add new comment