နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မေလ ၄ ရက်တွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင်-

  • ပြည်နယ်တစ်ခု၏ တိုးတက်မှုကို ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့မှ ရရှိသောတန်ဖိုး၊ တစ်နည်းအားဖြင့် GDP ကိုကြည့်၍ ယေဘုယျသုံးသပ်နိုင်မှာဖြစ်ကြောင်း။
  • မွန်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ်လိုငွေ ဖြစ်ပေါ်မှုရှိ၍ ပြည်ထောင်စု ဖြည့်စွက်ငွေမှ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ပြီး ပြည်နယ်အတွင်း ကဏ္ဍစုံမှ ဝင်ငွေတိုးတက်၍ ပြည်ထောင်စုမှထောက်ပံ့မှုကို လျော့ချနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်မှု၊ ဌာနဆိုင်ရာများ၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ပြည်သူလူထုအခြေပြု စီးပွားရေးကဏ္ဍ တိုးတက်လာရေး ပညာပေးစည်းရုံးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
  • တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ ဌာနဆိုင်ရာဝန်ထမ်းအားလုံးနှင့် ပြည်သူလူထုအလွှာပေါင်းစုံမှ ပူးပေါင်းပါဝင်၍ အကြံကောင်း၊ ဉာဏ်ကောင်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း။
  • မွန်ပြည်နယ်အတွင်း မြေအသုံးချမှုအနေဖြင့် စိုက်ပျိုးမြေဧက ၁ ဒသမ ၅ သန်း ကျော်တွင် ဧက ၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး သီးထပ်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းအပြင် လစ်လပ်မြေနေရာများတွင်လည်း စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍမှ ပြည်နယ်အတွက် ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း။
  • မွန်ပြည်နယ်၏ အဓိကထွက်ကုန်မှာ ရာဘာဖြစ်ပြီး ကုန်ကြမ်းအဖြစ်ရောင်းချမှုအစား တန်ဖိုးမြှင့်ထုတ်ကုန် (Value added) အဖြစ် ပြောင်းလဲထုတ်လုပ်ရောင်း ချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိနိုင်ပြီး တာဝန်ရှိသူများအနေဖြင့် ဒေသမှထွက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များအတွက် လုံလောက်သော ဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးရန် အရေးကြီးကြောင်း။
  • မွန်ပြည်နယ်အတွက် အလားအလာရှိသော စီးပွားရေးအဖြစ် ခရီးသွားလုပ်ငန်း သည်လည်း ပါဝင်မည်ဖြစ်ပြီး ကျိုက်ထီးရိုးဘုရား၊ ကျိုက္ခမီရေလယ်ဘုရား၊ စက်စဲအပန်းဖြေကမ်းခြေ၊ သံဖြူဇရပ်မှ သေမင်းတမန်မီးရထားလမ်း၊ စစ်သင်္ချိုင်း၊ ရှေးဟောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း များအပြင် ရှေးဟောင်းမြို့တော်များ စသည်တို့သည် ပြည်တွင်းပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုကောင်းသည့် နေရာများဖြစ်ကြောင်း။
  • မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ကို ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး ဌာနအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ လုပ်ဆောင်ကြရန်လိုကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍ မကြာမီ ဒီဂရီကောလိပ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ဆရာ၊ ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရေး လုံခြုံရေးအတွက် ကြိုတင်စီမံ ထားရန်လိုအပ်ကြောင်း။
  • နိုင်ငံတော်၏ HR ဖွံ့ဖြိုးမှု၊ ပညာတတ်မြောက်မှုကို မလိုလားသည့်အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုနိုင်ရန်လည်း လုံခြုံရေးအသိဖြင့် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများအပြင် အစိုးရနှင့် လုံခြုံရေးအဖွဲ့များ အားလုံးပူးပေါင်းတားဆီး ကာကွယ်သွားရန်လိုကြောင်း။
  • တနင်္သာရီတိုင်းဒေသကြီး၏ အဓိကစိုက်ပျိုးရေးသီးနှံမှာ ဆီအုန်းဖြစ်၍ ရရှိသော ဆီကြမ်းကို ဒေသတွင်း၌ပင် ဆီချောအဖြစ် ပြောင်းလဲနိုင်ပါက ဒေသဆီဖူလုံမှု ရရှိပြီး ဝင်ငွေလည်း တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆီချောထုတ်လုပ်ရန်လိုအပ်သော အခြေခံအဆောက်အဦများ ရရှိနိုင်ရေး အလျင်အမြန် ကြံဆဆောင်ရွက်သွားရန်လိုကြောင်း။
  • တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှားပါးရေသယံဇာတများ၊ သန္တာကျောက်တန်းနှင့် သဘာဝအလှများစွာရှိပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဝင်ငွေကောင်းသော အလုပ်အကိုင်ဖြင့် ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း။
  • ဒေသအကျိုး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအကျိုးမှ နိုင်ငံ့အကျိုးအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ရည်မျှော်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်များက  သက်ဆိုင်ရာပြည်နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • မွန်ပြည်နယ်၏ အဓိကထွက်ကုန်မှာ ရာဘာဖြစ်ပြီး ကုန်ကြမ်းအဖြစ် ရောင်းချမှုအစား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိနိုင်။
  • ဒေသမှထွက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များအတွက် လုံလောက်သော ဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးရန် အရေးကြီးပြီး မွန်ပြည်နယ်အတွက် အလားအလာရှိသော စီးပွားရေးအဖြစ် ခရီးသွားလုပ်ငန်းသည်လည်း ပါဝင်မည်ဖြစ်။
  • ပညာရေးနှင့်ပတ်သက်၍ မကြာမီ ဒီဂရီကောလိပ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ဆရာ၊ ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရေး လုံခြုံရေးအတွက် ကြိုတင်စီမံ ထားရန်လို။
  • နိုင်ငံတော်၏ HR ဖွံ့ဖြိုးမှု၊ ပညာတတ်မြောက်မှုကို မလိုလားသည့်အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုနိုင်ရန်လည်း လုံခြုံရေးအသိဖြင့် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများအပြင် အစိုးရနှင့် လုံခြုံရေးအဖွဲ့များ အားလုံးပူးပေါင်း တားဆီးကာကွယ်သွားရန်လို။
  • တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှားပါးရေသယံဇာတများ၊ သန္တာကျောက်တန်းနှင့် သဘာဝအလှများစွာရှိပြီး ရေလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဝင်ငွေကောင်းသော အလုပ်အကိုင်ဖြင့် ဖွံ့ဖြိုး တိုးတက်သော တိုင်းဒေသကြီးတစ်ခုဖြစ်လာမည်ဖြစ်။
  • ဒေသအကျိုး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအကျိုးမှ နိုင်ငံ့အကျိုးအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ရည်မျှော်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလို။

 

 

Add new comment