မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Media Worldwide Mobile Satellite Data Application Service MRTV App & Web စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Media Worldwide Mobile Satellite Data Application Service MRTV App & Web စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို မေလ ၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ရုပ်သံကုမ္ပဏီများနှင့် FM ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်ကိုချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းစေရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း။
  • မီဒီယာကဏ္ဍအနေဖြင့်လည်း ပြည်သူများအတွက် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များရရှိစေရန်နှင့် လူငယ်လူရွယ်များအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာရပ်တည်နိုင်ရန်၊ ခေတ်ပညာတတ်လူငယ်များ ဖြစ်စေရေးပံ့ပိုးပေးရန်၊ စေ့ဆော်တိုက်တွန်းပေးရန် လိုအပ်သလို ကျင့်ဝတ်သိက္ခာ စောင့်ထိန်းပြီး နိုင်ငံတော်နှင့် ပြည်သူအကျိုးကို ဦးထိပ်ထားကာ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးရန် လိုအပ်သည်ကိုလည်း ပြောကြားထားပြီးဖြစ်ကြောင်း။
  • သတင်းအချက်အလက်နည်းပညာတိုးတက်နေသည့် ယခုလိုအချိန်တွင် သတင်းမီဒီယာများ၏ သက်ရောက်မှုသည် အလွန်ထိရောက်မှုရှိပြီး နိုင်ငံကြီးအချို့၏ မဟာဗျူဟာများမှာ နိုင်ငံငယ်များ၏ မီဒီယာများကို နည်းလမ်းမျိုးစုံဖြင့် ချုပ်ကိုင်လွှမ်းမိုးနိုင်မည့်အစီအမံများ ပါဝင်နေသည့်အတွက် မိမိတို့အားလုံး ဉာဏ်အမြော်အမြင်များ၊ အသိတရားများဖြင့် လုပ်ဆောင်ကြရမည့် အချိန်အခါပင်ဖြစ်ကြောင်း။
  • ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် မရှိမဖြစ်ရှိနေရမည်ဖြစ်ပြီး ထိုသို့ရှိရန်အတွက် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း။
  • တစ်ခါတစ်ရံတွင် နိုင်ငံရေး၊ စီးပွားရေးအင်အားကြီးသည့် အုပ်စုများက မီဒီယာများကို လွှမ်းမိုးခြယ်လှယ်ကြသည့်အခါ ပြည်သူလူထု၏ သဘောထားခံစားချက်များ၊ နစ်နာချက်များသည် ဖော်ထုတ်နိုင်မှုလုံးဝမရှိတော့ကြောင်း၊ အဆိုးဆုံးမှာ ပဋိပက္ခများ၊ သဘောထား ကွဲပြားမှုများကို ပြေလျော့သွားအောင် လုပ်ရမည့်အစား မီးလောင်ရာလေပင့်တိုက်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေးနေကြကြောင်း၊ ထိုသို့အခြေအနေမျိုးကို ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများအပြားတွေ့မြင်နေရကြောင်း။
  • ယနေ့အခြေအနေသည် မိမိတို့၏ လူ့အဖွဲ့အစည်းအားလုံးကို မီဒီယာက နည်းမျိုးစုံဖြင့် လွှမ်းမိုးထားချိန်ဖြစ်သည့်အတွက် မိမိတို့၏ မီဒီယာလုပ်ငန်းအားလုံးကို စွမ်းရည်မြင့်မားအောင် ဆောင်ရွက်ပေးရန်လိုအပ်နေပြီဟု တိုက်တွန်းပြောကြားလိုကြောင်း။
  • ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့်လည်း ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့်အညီ သတင်းနှင့်အစီအစဉ်များ အရည်အသွေးပိုမိုကောင်းမွန်စေရန်နှင့် ပြည်သူလူထုကို မီဒီယာဖြင့်အကျိုးပြုနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း။
  • MRTV အနေဖြင့် ယခုအခါတွင် HD ရုပ်သံလိုင်းများနည်းတူ ဆက်သွယ်ရေးနည်း ပညာများအသုံးပြုပြီး MRTV Media Application ကို ဆောင်ရွက်ထားခြင်းဖြစ် သည့်အတွက် Android နှင့် iOS ဖုန်းများပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင် Laptop, Desktop, iPad, Note Pad အားလုံးတွင်လည်း ကြည့်ရှုနိုင်မည်ဖြစ် သကဲ့သို့ Website တွင်လည်း MRTV ၏အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း။
  • MRTV App ကို ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာရှိသည့် Mobile ဝန်ဆောင်မှုပေးနေသော နိုင်ငံတကာဂြိုဟ်တု(၄)လုံး ငှားရမ်းအသုံးပြုပြီး ထုတ်လွှင့်ပေးခြင်းဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင်ရှိနေသည့် မြန်မာသံရုံး(၄၆)ရုံးက ကြည့်ရှုနိုင်ပြီဖြစ်သကဲ့သို့ နိုင်ငံပေါင်း(၁၈၁)နိုင်ငံမှ ကြည့်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း။
  • ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာဘာသာနှင့်သာမကဘဲ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမဏီစသည့် နိုင်ငံတကာဘာသာစကား(၅)မျိုးဖြင့် ထုတ်လွှင့်ပေးမည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ၊ နိုင်ငံတော်၏ ပကတိအခြေအနေမှန်များကို တိုင်းရင်းသား ပြည်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာကိုလည်း ပိုမိုကျယ်ပြန့်စွာ ရောက်ရှိပျံ့နှံ့သွားမည်ဖြစ်ကြောင်း။
  • ထိုသို့ ဆောင်ရွက်နိုင်မှုကြောင့် MRTV အနေဖြင့် ခေတ်အဆက်ဆက်တွင် တာဝန်ကျေပွန်ခဲ့ပြီး ပြောင်းလဲတိုးတက်နေသည့် ပညာရပ်များနှင့်အညီ ပြုပြင်ပြောင်းလဲလိုက်ပါဆောင်ရွက်နိုင်သောကြောင့် သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းဖြစ်ကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဆောင်ရွက်နေချိန်ကာလအတွင်း၌ ထူးခြားတိုးတက်ကောင်းမွန်ပြီး သိသာထင်ရှားသည့် အောင်မြင်မှုရလဒ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း။
  • မီဒီယာများအနေဖြင့်လည်း ကျင့်ဝတ်သိက္ခာနှင့်အညီ ပြည်သူလူထုကို သတင်းအချက်အလက်များ မှန်မှန်ကန်ကန်ရရှိအောင်ဆောင်ရွက်ပေးကြခြင်းဖြင့် ပြည်သူ့ အကျိုးပြုမီဒီယာများဖြစ်အောင် ရပ်တည်ဆောင်ရွက်ပေးကြရန် အသိပေးတိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Media Worldwide Mobile Satellite Data Application Service အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  MRTV Media Worldwide Mobile Satellite Data Application Service MRTV App & Web အသုံးပြုမှုကို ကြည့်ရှုခဲ့ကြပါသည်။

MRTV Media Application မှတစ်ဆင့်  Breaking News၊ Business News၊ Community News၊ Daily News စသည့် သတင်းကဏ္ဍများအပြင် Documentary၊ Education၊ Entertainment Farming၊ Myanmar Culture၊ Sports စသည့် ရုပ်သံမှတ်တမ်းနှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်သည့် Sector (၁၁) ခုဖြင့် ဖွဲ့စည်းထားသည့်အပြင်  MRTV HD Channel ကိုလည်း Live Stream ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ MRTV App ကို လက်ကိုင်ဖုန်းများအပြင် Laptop၊ Desktop၊ ipad၊ Note Pad များတွင် ကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့ www.mrtvmedia.com တွင်လည်း MRTV ၏ အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်ဖြစ်ထွန်း စေရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့  ကြိုးပမ်းလုပ်ဆောင်နေ။
  • သတင်းအချက်အလက်နည်းပညာ တိုးတက်နေသည့် ယခုလိုအချိန်တွင် သတင်းမီဒီယာများ၏ သက်ရောက်မှုသည် အလွန်ထိရောက်မှုရှိပြီး နိုင်ငံကြီးအချို့၏ မဟာဗျူဟာများမှာ နိုင်ငံငယ်များ၏ မီဒီယာများကို နည်းလမ်းမျိုးစုံဖြင့် ချုပ်ကိုင်လွှမ်းမိုးနိုင်မည့်အစီအမံများ ပါဝင်နေသည့်အတွက် မိမိတို့အားလုံး ဉာဏ်အမြော်အမြင်များ၊ အသိတရားများဖြင့် လုပ်ဆောင်ကြရမည့် အချိန်အခါပင်ဖြစ်။
  • တစ်ခါတစ်ရံတွင် နိုင်ငံရေး၊ စီးပွားရေးအင်အားကြီးသည့် အုပ်စုများက မီဒီယာများကို လွှမ်းမိုးခြယ်လှယ်ကြသည့်အခါ ပြည်သူလူထု၏ သဘောထားခံစားချက်များ၊ နစ်နာချက်များသည် ဖော်ထုတ်နိုင်မှုလုံးဝမရှိတော့၊ အဆိုးဆုံးမှာ ပဋိပက္ခများ၊ သဘောထားကွဲပြားမှုများကို ပြေလျော့သွားအောင် လုပ်ရမည့်အစား မီးလောင်ရာ လေပင့်တိုက်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေးနေ၊ ထိုသို့အခြေအနေ မျိုးကို ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများအပြား တွေ့မြင်နေရကြောင်း။
  • MRTV အနေဖြင့် ယခုအခါတွင် HD ရုပ်သံလိုင်းများနည်းတူ ဆက်သွယ်ရေးနည်းပညာများအသုံးပြုပြီး MRTV Media Application ကို ဆောင်ရွက်ထားခြင်းဖြစ် သည့်အတွက် Android နှင့် iOS ဖုန်းများပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင် Laptop, Desktop, iPad, Note Pad အားလုံးတွင်လည်း ကြည့်ရှုနိုင်မည်ဖြစ် သကဲ့သို့ Website တွင်လည်း MRTV ၏အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်။
  • MRTV App ကို ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာရှိသည့် Mobile ဝန်ဆောင်မှုပေးနေသော နိုင်ငံတကာဂြိုဟ်တု(၄)လုံး ငှားရမ်းအသုံးပြုပြီး ထုတ်လွှင့်ပေးခြင်းဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင်ရှိနေသည့် မြန်မာသံရုံး(၄၆)ရုံးက ကြည့်ရှုနိုင်ပြီဖြစ်သကဲ့သို့ နိုင်ငံပေါင်း(၁၈၁)နိုင်ငံမှ ကြည့်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေ။
  • ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာဘာသာနှင့်သာမကဘဲ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမဏီစသည့် နိုင်ငံတကာ ဘာသာစကား(၅)မျိုးဖြင့် ထုတ်လွှင့်ပေးမည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ၊ နိုင်ငံတော်၏ ပကတိအခြေအနေမှန်များကို တိုင်းရင်းသား ပြည်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာကိုလည်း ပိုမိုကျယ်ပြန့်စွာ ရောက်ရှိပျံ့နှံ့သွားမည်ဖြစ်။
  • MRTV အနေဖြင့် ခေတ်အဆက်ဆက်တွင် တာဝန်ကျေပွန်ခဲ့ပြီး ပြောင်းလဲတိုးတက်နေသည့် ပညာရပ်များနှင့်အညီ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်သောကြောင့် သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းဖြစ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဆောင်ရွက်နေချိန် ကာလအတွင်း၌ ထူးခြားတိုးတက်ကောင်းမွန်ပြီး သိသာထင်ရှားသည့် အောင်မြင်မှုရလဒ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း။
  • မီဒီယာများအနေဖြင့်လည်း ကျင့်ဝတ်သိက္ခာနှင့်အညီ ပြည်သူလူထုကို သတင်းအချက်အလက်များ မှန်မှန်ကန်ကန်ရရှိအောင် ဆောင်ရွက်ပေးကြခြင်းဖြင့် ပြည်သူ့ အကျိုးပြုမီဒီယာများဖြစ်အောင် ရပ်တည်ဆောင်ရွက်ပေးကြရန် အသိပေးတိုက်တွန်းလို။

Add new comment