၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့်-
- ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၅၄၁.၈၄၁ တန် တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၂.၄၁၉ သန်း ရရှိခဲ့။
- နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၆၈.၆၄၉ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၀.၃၁၆ သန်း ရရှိခဲ့။
- စုစုပေါင်းမက်ထရစ်တန်ချိန် ၆၁၀.၄၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂.၇၃၅ သန်း ရရှိခဲ့။
ပြီးခဲ့သည့်ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၅၈၀၆.၂၆၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ် လာ ၂၅.၈၉၈ သန်းရရှိကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၁၇၆၆.၇၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၇.၅၉၄ သန်းရရှိသည့်အတွက် စုစုပေါင်းမက်ထရစ်တန်ချိန် ၇၅၇၂.၉၉၂ တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ ၃၃.၄၉၂ သန်းရရှိခဲ့ပါသည်။
ရခိုင်ပြည်နယ်မှ ပုစွန်အများဆုံးထွက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးမှလည်း ထွက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၌ ပုစွန် ၈၃၇၇.၇၈ ဧက မွေးမြူကာ ရန်ကုန်မြို့သို့တင်ပို့ပြီး ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပသို့တင်ပို့ခြင်းဖြစ်ကြောင်း၊ ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် စုစုပေါင်းမက်ထရစ်တန်ချိန် ၆၁၀.၄၉ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၂.၇၃၅ သန်း ရရှိခဲ့။
- ပြီးခဲ့သည့်ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် စုစုပေါင်းမက်ထရစ်တန်ချိန် ၇၅၇၂.၉၉၂ တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ ၃၃.၄၉၂ သန်းရရှိခဲ့။
- ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိ။
Add new comment