နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တာဝန်ရှိသူတို့လိုက်ပါ၍ မေလ ၃ ရက်တွင် မြိတ်တပ်နယ်၊ ပလောက်တပ်နယ် နှင့် ဟိန်းဇဲတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစု ဝင်များ၊ သင်တန်းသားစစ်သည်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာ-
- တပ်မတော်၏အသက်ခန္ဓာသည် စစ်စည်းကမ်းဖြစ်သည့်အပြင် လုံခြုံရေးအသိ အမြဲရှိရန်လိုအပ်သဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ ကျိုးပေါက်မှုမရှိစေရန်လိုကြောင်း။
- လက်ရှိအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေရသဖြင့် အဆင့်အတန်းအားလုံးသည် မိမိတို့၏ကိုယ်စီ လုပ်ငန်းတာဝန်များအပေါ် အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း။
- အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိပ္ပံနည်းပညာများအရ သင်ယူလေ့လာလေ့ကျင့်မှုဖြင့်သာ ခေတ်မီတပ်မတော်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော တပ်မတော်အဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
- လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့သည် တပ်မတော်အတွက် မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ အဆိုပါအချက် ၄ ချက်ကို ဟန်ချက်ညီဆောင်ရွက်နိုင်ခြင်းဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို အလိုလိုခိုင်မာအောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အား တာဝန်ယူထိန်းသိမ်းခဲ့သည့် ၁ နှစ်နှင့် ၃ လ ကာလအတွင်း အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများအား နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း။
- လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နိုင်ငံတော်အကြီးအကဲက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ကြောင်း။
- တပ်မတော်သားများအနေဖြင့် စစ်ဆင်ရေးတာဝန်ဖြစ်စေ၊ လုံခြုံရေးတာဝန်ဖြစ်စေ၊ နိုင်ငံ့အရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင်ပေးအပ်သည့် လုပ်ငန်းတာဝန်နှင့် မိသားစုတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်းသိရှိရပါသည်။
- တပ်မတော်၏အသက်ခန္ဓာသည် စစ်စည်းကမ်းဖြစ်သည့်အပြင် လုံခြုံရေးအသိ အမြဲရှိရန်လိုအပ်သဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ ကျိုးပေါက်မှုမရှိစေရန်လို။
- လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့သည် တပ်မတော်အတွက် မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ အဆိုပါအချက် ၄ ချက်ကို ဟန်ချက်ညီဆောင်ရွက်နိုင်ခြင်းဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို အလိုလို ခိုင်မာအောင် တည်ဆောက်နိုင်မည်ဖြစ်။
- လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နိုင်ငံတော်အကြီးအကဲက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ကြောင်း။
Add new comment