ပြည်ထောင်စုဝန်ကြီးဌာနပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပြောင်းလဲခန့်အပ်ခြင်း

 

၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အမိန့်အမှတ်၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉/၂၀၂၂အရ -

  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးအား တာဝန်မှအနားယူခွင့်ပြု။
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနများအဖြစ် ပြင်ဆင်ဖွဲ့စည်း။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပြည်ထောင်စုထောင်စုဝန်ကြီးအဖြစ် ဦးသောင်းဟန်အား ခန့်အပ်တာဝန်ပေးပြီး စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်စေခဲ့။
  • သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ ခန့်အပ်တာဝန်ပေးအပ်ခဲ့။
  • ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့။
  • ဗိုလ်ချုပ်ဇင်မင်းထက်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်ခဲ့။
  • သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့။

          ဒေါက်တာမိုးဇော်ထွန်းအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဦးမင်းသူအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒေါက်တာအောင်ဇေယျအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာနစသဖြင့် ၎င်းတို့အား ယှဉ်တွဲပါဝန်ကြီးဌာနများ၏ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အမိန့် အမှတ်၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉/၂၀၂၂အရ ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များပြောင်းလဲခန့်အပ်ခြင်းများပြုလုပ်ခဲ့။

Add new comment