နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစုတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ မေလ ၂ ရက်တွင် ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစုတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာ-

  • နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် အစိတ်အပိုင်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
  • တပ်မတော်သားများအနေဖြင့် စွန့်လွှတ်စွန့်စား အနစ်နာခံမှုဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို သစ္စာရှိဝန်ထမ်းများ၊ ပြည်သူများနှင့်တွဲဖက်ကာ အဓိကကျသော အခန်းကဏ္ဍမှ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြောင်း။
  • ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြစ်သည့် အသက် ၁၈ နှစ်အထက် အားလုံးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ အပြီး ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်မှန်းချက်အား ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ရန်များစွာ အထောက်အကူပြုခဲ့ကြောင်း။
  • နိုင်ငံတော်အနေဖြင့် စားဝတ်နေရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး အထိ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စစ်သည်မိသားစုများ အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူများက အမိအဘစိတ်ဓာတ်ဖြင့် စနစ်တကျဖြင့် စီမံခန့်ခွဲပေးရန်လိုကြောင်း။
  • တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ နိုင်ငံ၏အကျိုးစီးပွားနှင့်ပတ်သက်လာပါက ပေးအပ်သောတာဝန်ကို လေ့ကျင့်သင်ကြားပေးထားသည့် စစ်ပညာများကိုအသုံးချကာ ရဲရဲဝံ့ဝံ့အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။                                                              
  • သို့ဖြစ်၍ ချမှတ်ထားသည့် ကြံ့ခိုင်ရေးလမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို ကိုယ်စီလိုက်နာစောင့်ထိန်းရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး တစ်ဦးချင်း၏ ရောဂါအခြေအနေ များအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

  • နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် အစိတ်အပိုင်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • တပ်မတော်သားများအနေဖြင့် စွန့်လွှတ်စွန့်စား အနစ်နာခံမှုဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို သစ္စာရှိဝန်ထမ်းများ၊ ပြည်သူများနှင့်တွဲဖက်ကာ အဓိကကျသော အခန်းကဏ္ဍမှ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့။
  • နိုင်ငံတော်အနေဖြင့် စားဝတ်နေရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေးအထိ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စစ်သည်မိသားစုများ အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူများက အမိအဘစိတ်ဓာတ်ဖြင့် စနစ်တကျဖြင့် စီမံခန့်ခွဲပေးရန်လို။

Add new comment