နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့ သွားရောက်လေ့လာကြည့်ရှု

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မေလ ၂ ရက်တွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့သွားရောက်ပြီး ခင်းကျင်းပြသထားသည့် ဆီအုန်းများ ကြိတ်ခွဲထားရှိမှုအဆင့်ဆင့်ကို ကြည့်ရှုလေ့လာ ကြပါသည်။

          ရိပ်သာဧည့်ခန်းမဆောင်၌ စက်ရုံစီမံကိန်းဒါရိုက်တာ၏ ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခမောက်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများအား တပ်နယ်ရိပ်သာဧည့်ခန်းမဆောင်၌တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ပြီး ဆီအုန်းများ ကြိတ်ခွဲထားရှိမှုအဆင့်ဆင့်ကို ကြည့်ရှုလေ့လာပြီးနောက် ဆီအုန်းစိုက်ပျိုးရာတွင် မျိုးရွေးချယ်မှု၌ မျိုးကွဲများစွာအသုံးပြုခြင်းထက် အရည်အသွေးမြင့်မားသော မျိုးသန့်ကိုသာ ရွေးချယ်ဆောင်ရွက်သင့်သည့်အခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးကို ဆီအုန်းစိုက်ပျိုး၍ နိုင်ငံတော်၏ ဆီအိုးကြီးဖြစ်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့။

 

 

 

 

 

 

Add new comment