နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN တို့သည့် မေလ ၂ ရက်က Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင်-

  • မြန်မာနိုင်ငံတွင် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သံဃာတော်များနှင့် ဆရာ၊ဆရာမများ၊ ဆရာဝန်များ၊သူနာပြုများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများစသည့် ပြည်သူ့ဝန်ထမ်းများ၊ မိခင်နှင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ ပြည်သူများ သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့မှု၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကြောင့် အစိုးရပိုင်အဆောက်အဦများ၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်အဆောက်အဦများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရမှုအခြေအနေများ။
  • အပစ်အခတ်ရပ်စဲရေးကြေညာချက်အပေါ် လေးစားလိုက်နာဆောင်ရွက်လျက်ရှိမှု၊ တည်ဆဲဥပဒေချိုးဖောက်ထားသူများကို ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိသော်လည်း လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်များပေးလျက်ရှိသည့် အခြေအနေအများ။
  • ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေးကြေညာထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဖိတ်ခေါ်၍ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်ရပ်များသည် NCA ကို ချိုးဖောက်ပြီး ကျင့်ဝတ်များကို လိုက်နာမှုမရှိသည့် EAO များမှ အရင်းခံ၍ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေများ။
  • ပြည်သူများအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးကို ဆောင်ရွက်သွားမည့် အခြေအနေများ။
  • အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှု၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အာဆီယံနိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  • မြန်မာနိုင်ငံတွင် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သံဃာတော်များနှင့် ပြည်သူ့ဝန်ထမ်းများ၊ မိခင်နှင့်ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့မှု၊ အကြမ်း ဖက်ဖောက်ခွဲဖျက်ဆီး ခြင်းများကြောင့် အစိုးရပိုင်အဆောက်အဦများ၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်အဆောက်အဦများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရမှုအခြေအနေများ။
  • အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ် လေးစားလိုက်နာဆောင်ရွက်လျက်ရှိမှု၊ တည်ဆဲဥပဒေချိုးဖောက်ထားသူများကို ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိသော်လည်း လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်များပေးလျက်ရှိသည့် အခြေအနေအများ။
  • ပြည်သူများအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကို ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့။

 

 

Add new comment