နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဇာဒက်ကြီးကျွန်းနှင့် ကော့သောင်းတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ရှိသူတို့လိုက်ပါ၍ မေလ ၂ ရက်တွင် ဇာဒက်ကြီးကျွန်းနှင့် ကော့သောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့ရာ-

  • နိုင်ငံတော်ကိုထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်စောင့်ရှောက်ရန်မှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်ပြီး တပ်မတော်သားများသည် လက်မောင်းအမှတ်တံဆိပ်များ ကွဲပြားမှုရှိသော်လည်း မွန်မြတ်သော သစ္စာ ၄ ချက်အား နေ့စဉ်ရွတ်ဆိုနေကြသူများပင်ဖြစ်ကြောင်း။
  • တပ်မတော်သားအဖြစ်ခံယူ၍ တပ်မတော်သို့ ဝင်ရောက်ချိန်ကပင် နိုင်ငံတော်အလံကိုထိ၍ ကတိသစ္စာပြုခဲ့သူများဖြစ်သောကြောင့် နိုင်ငံတော်နှင့်တပ်မတော်ကို သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်လိုကြောင်း။
  • နိုင်ငံတော်၏ တောင်ဘက်စွန်းနယ်စပ်ဒေသဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန်လိုသလို နှစ်နိုင်ငံချုပ်ဆိုထားသော နယ်နိမိတ်ဆိုင်ရာစာချုပ်များကို တာဝန်ရှိသူတို့က တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။
  • တပ်မတော်သားများအနေဖြင့် မိသားစုများအတွက် နောက်ဆံတင်းမှုမရှိဘဲ လုံခြုံရေးတာဝန်၊ စစ်ဆင်ရေးတာဝန်များကို အပြည့်အဝအောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ရန် တာဝန်ရှိသူများအနေဖြင့် စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေးမှစ၍ ကျန်းမာရေး၊ ပညာရေးအထိ အရေးအရာများကို အလေးအနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်းမှာကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အဖွဲ့ဝင်များနှင့်အတူ ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည့်အပြင် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ရာ ဆေးရုံတပ်မှူးက လက်ခံရယူခဲ့ကြကြောင်း သိရှိရပါသည်။

  • တပ်မတော်သားအဖြစ်ခံယူ၍ တပ်မတော်သို့ ဝင်ရောက်ချိန်ကပင် နိုင်ငံတော်အလံကိုထိ၍ ကတိသစ္စာပြုခဲ့သူများဖြစ်သောကြောင့် နိုင်ငံတော်နှင့်တပ်မတော်ကို သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်လို။
  • နိုင်ငံတော်၏ တောင်ဘက်စွန်းနယ်စပ်ဒေသဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန်လိုသလို နှစ်နိုင်ငံချုပ်ဆိုထားသော နယ်နိမိတ်ဆိုင်ရာစာချုပ်များကို တာဝန်ရှိသူတို့က တိတိကျကျ လိုက်နာဆောင်ရွက် ကြရန်လို။
  • ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့။

Add new comment