နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မေလ ၁ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကော့သောင်းမြို့ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်-
- နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ပေါ်တိုးတက်မှုများအရ နိုင်ငံ၏ လိုအပ်သောနေရာများတွင် ခရိုင်အဆင့်တိုးချဲ့ဖွဲ့စည်းခဲ့ရာ ဘုတ်ပြင်းမြို့ကိုလည်း ခရိုင်အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းခဲ့ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၁ ရက်တွင် ၁ နှစ်နှင့် ၃ လ ပြည့်ခဲ့ပြီးဖြစ်ကြောင်း။
- နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံရေးရည်မှန်းချက်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် ထူထောင်ရေးတို့ကိုချမှတ်၍ အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။
- ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် နိုင်ငံတော်၏ ကျန်းမာရေးစနစ်ပြိုလဲကာ တည်ဆဲအစိုးရအတွက် အကြပ်အတည်းဖြစ်စေ၍ အစိုးရပြုတ်ကျသည်အထိ ရည်ရွယ်ချက်ဖြင့် ဘက်ပေါင်းစုံမှထိုးနှက်ဆောင်ရွက်ခဲ့သကဲ့သို့ တည်ငြိမ်မှုကို မလိုလားသည့် ပြည်တွင်းအကြမ်းဖက် အဖွဲ့များကလည်း မီဒီယာများမှတဆင့် အမျိုးမျိုးသော ဝါဒဆိုးများဖြန့်ခဲ့ကြောင်း။
- အခက်အခဲအမျိုးမျိုး၊ အကျပ်အတည်းအမျိုးမျိုးကြားမှ တာဝန်သိသစ္စာရှိဝန်ထမ်းများနှင့် ပြည်သူတို့၏ပူးပေါင်းပါဝင်မှုတို့ဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လူ့အသက်ထက် အရေးကြီးသည်မှာ မည်သည့်အရာမရှိဟု ခံယူလျက် လမ်းညွှန်ချက်အတိုင်း ကိုဗစ်-၁၉ တတိယလှိုင်းကို အချိန်တိုအတွင်း အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့၍ WHO အပါအဝင် နိုင်ငံအများစုကပင် အံ့ဩခဲ့ရကြောင်း။
- အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါကူးဆက်မှုများ နေ့စဉ်အမျှ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံတွင် ဧပြီ ၃၀ ရက်နေ့စာရင်းဇယားအရ တစ်နိုင်ငံလုံး ကိုဗစ်ဖြစ်ပွားမှု ၁၉ ဦး၊ ၀.၂၂ ရာခိုင်နှုန်းသာရှိပြီး သေဆုံးသူမရှိသည်မှာ ကာကွယ်ဆေးထိုးခြင်း၏ အကျိုးရလဒ်ပင်ဖြစ်ကြောင်း၊ ကျန်ရှိသူများအပြင် အသက် ၅ နှစ်အထက် ကလေးသူငယ်များကာကွယ်ဆေးထိုးနှံမှုကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ရန် စီမံလျက်ရှိကြောင်း။
- နိုင်ငံစီးပွားရေးကို ပြန်လည်တည့်မတ်အောင် ဆောင်ရွက်မှုအနေဖြင့် တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှုနှင့် GDP တိုးတက်ရေး ထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ရှိ မြေသယံဇာတ၊ ရေသယံဇာတ အခြေခံကောင်းများကိုအသုံးချ၍ လုပ်သင့်လုပ်ထိုက်သည်များကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ပုံမှန်ထက်တိုးတက်မှုကို ပြန်လည်ရနိုင်မည်ဖြစ်ကြောင်း။
- ၂၀၂၃ ခုနှစ်တွင် လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်အချက်များ ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်နှင့် မဲစာရင်းများမှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်တွင်းကွန်ပျူတာ ပညာရှင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
- ကော့သောင်းဒေသသည် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ထူးခြားဆန်းပြားသော ငါးသံယံဇာတများနှင့် တန်ဖိုးမဖြတ်နိုင်သည့် သန္တာကျောက်တန်း စသည်ဖြင့် စီးပွားရေးကဏ္ဍအတွက် အခြေခံကောင်းများရှိကြောင်း၊ ထွက်ကုန်များအား ပြည်ပပို့ရာတွင်ရရှိသည့် ကုန်ကြမ်းအတိုင်း ရောင်းချသည်ထက် တန်ဖိုးမြင့်ထုတ်ကုန် (Value added) ပြုလုပ်ရောင်းချမှသာ တစ်ဦးချင်းဝင်ငွေတိုးတက်မှုမှတဆင့် ဒေသစီးပွား ရေးကောင်းမွန်ကာ နိုင်ငံတော်အတွက်လည်းအခွန်အခများ ပိုမိုရရှိမည်ဖြစ်ကြောင်း။
- စက်သုံးဆီနှင့်ပတ်သက်၍ နိုင်ငံတကာအရေးအရာများကြောင့် ကမ္ဘာတွင်ဆီဈေး များတည်ငြိမ်မှုမရှိဘဲ ဈေးနှုန်းမြင့်တက်မှုများရှိကြောင်း၊ ပြည်တွင်းဆီ ထုတ်လုပ်မှုမှ လောက်ငှမှုမရှိ၍ ပြည်ပမှ အရန်နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းရသဖြင့် တတ်နိုင်သ၍ ချိုးခြံချွေတာ ရန်လိုကြောင်း။
- စားသုံးဆီနှင့်ပတ်သက်၍ ပြည်တွင်းဖူလုံမှုမရှိသဖြင့် ပြင်ပမှ ဝယ်ယူတင်သွင်းနေရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို တိုင်းဒေသကြီးအတွင်း လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးမှ တစ်နိုင်ငံလုံးအတွက် ထုတ်လုပ်နိုင်ရေး စီမံကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
- ကော့သောင်းမြို့သည် နိုင်ငံ၏ တောင်ဘက်စွန်းနယ်စပ်မြို့ဖြစ်၍ ဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့်လုပ်ရပ်များ ရှောင်ရှား ရန်လိုကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁ ပါ နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန် လိုကြောင်း။
- ဝန်ထမ်းအားလုံးအနေဖြင့် ဒေသ၊ နိုင်ငံတော်အကျိုးအတွက် ကဏ္ဍအလိုက် ဥပဒေ လုပ်ထုံးလုပ်နည်းမူဘောင်အတွင်းမှ အကျိုးမကြည့်ဘဲ စေတနာရှေ့ထား၍ မှန်ကန်မြန်ဆန်စွာဖြင့် ပြည်သူ့တို့၏ လိုအပ်ချက်များကို အကျိုးဆောင်ပေးရန်လိုကြောင်း။
- ကော့သောင်းဒေသသည် လုပ်လျှင်လုပ်သလောက် ဖွံဖြိုးတိုးတက်နိုင်ပြီး ဖွံဖြိုးမှု မြန်ဆန်သောဒေသဖြစ်၍ ကောင်းမွန်သောဒေသ၏ အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စုပေါင်းစွမ်းအားဖြင့် ကြိုးစားဆောင်ရွက်ပါက အောင်မြင်တိုးတက်မှု မလွဲမသွေရရှိမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကော့သောင်းမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်-
- စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
- စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်းမှ မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ လုပ်ငန်းလုပ်ကိုင်ရာတွင် မှန်ကန်စွာလုပ်ကိုင်၍ သတ်မှတ်အခွန်ငွေမှန်ကန်စွာ ပေးရန်လိုအပ်သည့် အခြေအနေများ။
- ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး လေဆိပ်နှင့် ဆိပ်ကမ်းများအား အမြင်တင့်တယ်ဆွဲဆောင်မှုရှိအောင် ဆောင်ရွက်ရမည့်အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် ဇာဒက်ကြီးကျွန်း ဆလုံကျွန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာဘိုးဘွားရိပ်သာ၌ ဒေသခံဆလုံလူမျိုးအဘိုးအဘွားများနှင့် ဆလုံ မိသားစုဝင်များအား တွေ့ဆုံကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ၊ ဆန်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူတစ်ဦးက ပြန်လည်ပေးအပ်ခဲ့သည့် ဆလုံလူမျိုးရိုးရာအထိမ်းအမှတ်ပစ္စည်းအား လက်ခံရယူကာ ဆလုံအဘိုးအဘွားများနှင့် ဆလုံလူမျိုးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ဇာဒက်ကြီးကျွန်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဓမ္မိကသာရအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၁ ရက်တွင် ၁ နှစ်နှင့် ၃ လ ပြည့်ခဲ့ပြီးဖြစ်။
- နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် ထူထောင်ရေးတို့ကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
- ၂၀၂၃ ခုနှစ်တွင် လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်အချက်များ ဆောင်ရွက်လျက်ရှိပြီး မဲဆန္ဒရှင်နှင့် မဲစာရင်းများမှန်ကန်ရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိ။
- တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို တိုင်းဒေသကြီးအတွင်း လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးမှ တစ်နိုင်ငံလုံးအတွက် ထုတ်လုပ်နိုင်ရေး စီမံကြိုးပမ်းဆောင်ရွက်ရန်လို။
- ကော့သောင်းမြို့သည် နိုင်ငံ၏ တောင်ဘက်စွန်းနယ်စပ်မြို့ဖြစ်၍ ဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့်လုပ်ရပ်များ ရှောင်ရှားရန်လို။
- စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်းမှ မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းလုပ်ကိုင်ရာတွင် မှန်ကန်စွာလုပ်ကိုင်၍ သတ်မှတ်အခွန်ငွေမှန်ကန်စွာ ပေးရန်လိုအပ်သည့် အခြေအနေများ ဆွေးနွေးမှာကြားခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇာဒက်ကြီးကျွန်း ဆလုံကျွန်းကျေးရွာဘိုးဘွားရိပ်သာရှိ ဒေသခံ ဆလုံလူမျိုး အဘိုးအဘွားများနှင့် ဆလုံမိသားစုဝင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ၊ ဆန်နှင့် စား သောက်ဖွယ်ရာများပေးအပ်ခဲ့။
Add new comment