ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နေ စိုးနိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေ ကျော်ဝင်းထွဋ်(ခ)ကျော်ကြီး၊ ဖြိုးကိုကို(ခ)ဖြိုးကိုနှင့် သက်ပိုင် ဦး(ခ)ပိုင်လေး၊ ရွှေပြည်သာမြို့နယ်နေ ခိုင်ဝင်းစိုး(ခ)ထိန်လင်း၊ ဘုန်းမြင့်ဝင်း(ခ)ဒင်္ဂါးနှင့် မျိုးဦး၊ မှော်ဘီမြို့နယ်နေ ခိုင်ထွန်းဦး(ခ)စောမိုးဇက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်နေ ကျော်ဇော(ခ)ဂြိုလ်သားတို့သည် ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ လက်လုပ်မိုင်းများ စမ်းသပ်ထုတ်လုပ်ပေးခြင်း၊ လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးခြင်း/သိုဝှက်သိမ်းဆည်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ခြင်း၊ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အားပေးကူညီခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က) နှင့် ၅၀(ဈ)တို့အရ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
- ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်သွယ်ခြင်း/ငွေကြေးထောက်ပံ့ခြင်း၊ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့သည့် တရားခံ (၉) ဦးအနက် ဖမ်းဆီးရမိသည့် တရားခံ (၈) ဦးတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)နှင့် ၅၀(ဈ)တို့အရ “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့။
Add new comment