မိုးညှင်းမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ဒရုန်းယာဉ်ဖြင့် ဗုံးအားချိတ်ဆွဲ၍ ပစ်ချဖောက်ခွဲ

 

NUG အဖွဲ့၏စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် ငါနဲ့မတူ ငါ့ရန်သူ အယူအဆဖြင့် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်နက်အားကိုး၍ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာလုပ်ဆောင်လျက်ရှိပါသည်။

          ဧပြီလ ၂၈ ရက်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာရှိ “ဒက္ခိဏဝန်မန်” (တောင်ကျောင်း) ဘုန်းတော်ကြီးကျောင်းတိုက်အား PDF အကြမ်းဖက်အဖွဲ့များက ဒရုန်းယာဉ်ဖြင့် ဗုံး ၂ လုံးအား ချိတ်ဆွဲ၍ ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ အလှူပွဲအတွက် ချက်ပြုတ်ပြင်ဆင်နေသည့် နေရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းတိုက်နေဆရာတော် ဥူးဝိမလ သက်တော်(၇၈)နှစ်၊ ဝါတော်(၂၅)ဝါ၊ အဆိုပါကျေးရွာနေ အမျိုးသား ၃ ဦးနှင့် (၅)နှစ် အရွယ် ကလေးငယ် ၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

  • မိုးညှင်းမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ဒရုန်းယာဉ်ဖြင့် ဗုံးအားချိတ်ဆွဲ၍ ပစ်ချဖောက်ခွဲခဲ့ရာ ကျောင်းတိုက်နေဆရာတော် ဥူးဝိမလ သက်တော်(၇၈)နှစ်၊ ဝါတော်(၂၅)ဝါ၊ ကျေးရွာနေ အမျိုးသား ၃ ဦးနှင့် (၅)နှစ် အရွယ် ကလေးငယ် ၁ ဦး တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့။

Add new comment