တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ မြို့၊ ရွာ၊ ရပ်ကွက်နှင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဌာနဆိုင်ရာရုံးများ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပရေးအတွက် ဧပြီလ ၃၀ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ-
- နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် (၃) မြို့နယ်။
- ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁) မြို့နယ်။
- ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၁၁) မြိုန့ယ်။
- မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၂ ) မြို့နယ်။
- ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၂ ) မြို့နယ်။
- ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြိုန့ယ် (၁၁) မြို့နယ်။
- တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁) မြို့နယ်။
- ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄) မြို့နယ်။
- ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြိုန့ယ် (၂၈) မြို့နယ်။
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀) မြိုန့ယ်တို့တွင် သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများတူးဖော်ပေးခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။
- ဧပြီလ ၃၀ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၂) ခုအတွင်းရှိ မြို့နယ် (၇၃) မြို့နယ်၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့။
Add new comment