လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသောလက်အား ပြန်လည်ဆက် ပေးသည့် ခွဲစိတ်ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
လူနာသည် ဧပြီလ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ဓားဖြင့်ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်၏ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသည့် ဒဏ်ရာ (Amputated Left Forearm) ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာရာ သက်ဆိုင်ရာဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သော အရေးပေါ်ပြုစုကုသမှုများ ပြုလုပ်ပေးပြီး ခွဲစိတ်မှုကို ည ၇နာရီ မိနစ် ၅၀ မှစတင်ဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၅ ရက် နံနက် ၁ နာရီခွဲတွင် ခွဲစိတ်ကုသမှုပြီးဆုံးခဲ့ပါသည်။
အဆိုပါ လူနာအား သက်ဆိုင်ရာတာဝန်ရှိသူများက ဧပြီလ ၂၅ ရက်မှစတင်၍ အကြောအဆစ်ရောဂါကုပညာဌာန၊ ပြင်ပလူနာဌာနတွင် လက်လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခဲ့ပြီး ဧပြီလ ၂၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းသိရှိရပါသည်။
- လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသောလက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့၊၊
Add new comment