နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာပါကောက်နုတ်ချက်များမှာ-
- နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေချိန်တွင် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အားသွန်ခွန်စိုက် ပါဝင်ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်၏ အရေးပါသည့်အင်အားစုကြီးဖြစ်သည့် အလုပ်သမားကြီးများအား အလေးထားအသိအမှတ်ပြုသည့်အနေဖြင့် သဝဏ်လွှာကို ပေးပို့ခြင်းဖြစ်ကြောင်း။
- ယနေ့ကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ကျဆင်းခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ မတည်ငြိမ်မှု၊ အလုပ်သမားဦးရေလျှော့ချမှုတို့ကို ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း၍ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို အလေးထား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
- နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ကာလတိုအတွင်း အလုပ်အကိုင်များကို ဖန်တီးပေးနိုင်သော ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားစနစ် (Cutting Making Packaging-CMP) လက်ခစားလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိပြီး အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
- မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် အလုပ်လုပ်နိုင်သည့် လူဦးရေအများဆုံးနိုင်ငံ၌ ပါဝင်ကြောင်းတွေ့ရှိရပြီး အလုပ်လုပ်နိုင်သူလူဦးရေ ပေါများခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးတို့အတွက် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်းရှိ နေသည်ကိုလည်း တွေ့ရှိရကြောင်း။
- မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုများ ထိရောက်စွာပေးနိုင်ရန် ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် နည်းပညာအလုပ်သင် သင်တန်းသားဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာနှင့် ကျွမ်းကျင်လုပ်သား ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်း။
- ပြည်ပနိုင်ငံများရှိ မြန်မာအလုပ်သမားများကိုလည်း သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ ရရှိခံစားနိုင်စေရန်အတွက် မြန်မာနိုင်ငံသား၊ အလုပ်သမားအရေအတွက်များပြားသည့် ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အလုပ်သမားအရာရှိများ ခန့်အပ်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း။
- နိုင်ငံတော်အစိုးရသည် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် စကားနှင့်အညီ ပြည်တွင်းအားဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်နိုင်ရန် ရည်မှန်းချက်ထား၍ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သော အလုပ်သမားကြီးများ၏ အင်အား၊ ကျွမ်းကျင်မှုနှင့် ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီးကြောင်း။
- လုပ်ငန်းများတွင် ဖြစ်ပွားသော အငြင်းပွားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များပါဝင်သော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) များ၊ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်သော မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီတို့ကို ဖွဲ့စည်းထားရှိပြီး အငြင်းပွားမှုများကို မျှမျှတတနှင့် သမာသမတ်ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေကြသည့် မြန်မာအလုပ်သမားထုကြီးတစ်ရပ်လုံး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ကြစေကြောင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာ အထောက်အကူ ပြုနိုင်ကြပြီး နိုင်ငံတော်၏ ဘက်စုံ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။
- မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် အလုပ်လုပ်နိုင်သည့် လူဦးရေအများဆုံးနိုင်ငံ၌ ပါဝင်ကြောင်းတွေ့ရှိရပြီး အလုပ်လုပ်နိုင်သူလူဦးရေပေါများခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးတို့အတွက် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်းရှိ နေသည်ကိုလည်း တွေ့ရှိရ။
- မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုများ ထိရောက်စွာပေးနိုင်ရန် ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် နည်းပညာအလုပ်သင် သင်တန်းသားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာနှင့် ကျွမ်းကျင်လုပ်သားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိ။
- နိုင်ငံတော်အစိုးရသည် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် စကားနှင့်အညီ ပြည်တွင်းအားဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်နိုင်ရန် ရည်မှန်းချက်ထား၍ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်သော အလုပ်သမား ကြီးများ၏ အင်အား၊ ကျွမ်းကျင်မှုနှင့် ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီး။
Add new comment