ဒီဇင်ဘာလ ၂၂ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မြို့နယ်၊ မန်စီကျေးရွာအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိနေကြောင်းသတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းဆောင်ရွက်ခဲ့စဉ် ၎င်းတို့မှာ ရွာ၏ အနောက်တောင်ဘက်သို့ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမားများက ပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန် ၂၂ အိတ်အား ၎င်းတို့၏အမာခံများထံမှ သိမ်း ဆည်းရမိခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းအကြမ်းဖက်မှုနှင့် ပါဝင်ပတ်သက်ခြင်းမရှိသော ကျေးရွာသူ၊ ကျေးရွာသားများအား သိမ်းဆည်းရမိသည့်ဆန် ၂၂ အိတ်ကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရပ်ရွာများတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူလူထု၏ သတင်းပေးပို့ချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများက မြို့ရွာများတွင် ခိုအောင်းနိုင်ခြင်းမရှိစေရေး သတင်းဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။ ထိုသို့ ဖော်ထုတ်ဖမ်းဆီးရာတွင် အကြမ်းဖက်သမားများနှင့် သက်ဆိုင်ခြင်းမရှိသော ပြည်သူများအား လုံခြုံရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကိုပါ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
- လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများအား သိမ်းဆည်းရမိခဲ့သည့် ဆန် ၂၂ အိတ်ကို ဖြန့်ဝေပေးအပ်ခဲ့။