မြန်မာနိုင်ငံတွင် အဓိကသီးနှံများအဖြစ် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါနှင့် ကြံတို့ကို စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယ အများဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး လယ်ယာထွက်ကုန် ထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ-
· အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ၂၇၅,၇၅၂.၃၃၃ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂၇.၉၅၅ သန်း။
· နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၁၅,၄၇၇.၅၁၇ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄.၅၁၂ သန်းရရှိခဲ့သောကြောင့် စုစုပေါင်းတန်ချိန် ၂၉၁,၂၂၉.၈၅ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၂.၄၆၇ သန်းရရှိခဲ့။
ပြည်တွင်းမှထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
- အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တို့မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံ ၂၉၁,၂၂၉.၈၅ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၂.၄၆၇ သန်းရရှိခဲ့။