ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၇ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူ  စုစုပေါင်း ၁၄၅,၉၀၇ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ်အဖြစ်  ပြည်သူစုစုပေါင်း ၆၈,၆၆၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၇ ရက် တွင် ဒုတိယအကြိမ်အဖြစ် ၄,၀၇၆ ဦးအားလည်းကောင်း၊ ပထမ အကြိမ်အဖြစ် ၃,၈၀၈ ဦးအားလည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက် အထိ ကျောင်းသား/သူ စုစုပေါင်း ၁,၄၇၄,၆၅၁ ဦးကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီး ဖြစ်။

· ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့် ဒီဇင်ဘာလအတွင်း ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ ၂၀ ခုအားရယူ၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုး သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် SARS-CoV-2  Variant Omicron Real Time PCR Testing နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်)မတွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၇ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁,၂၀၇ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၀၀ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၇၈ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၇-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၉၂,၅၈၂ ခုအား စစ်ဆေး ခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၉,၈၁၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၅၇ ဦးရှိကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၇ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၄၅,၉၀၇ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၆၈,၆၆၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ၂၇-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၇၄,၆၅၁ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲ နမူနာ ၂၀ ခုအား ဓာတ်ခွဲစစ်ဆေးခဲ့ရာ(အိုမီခရွန်) မတွေ့ရှိ။
  • ၂၇-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၉၂,၅၈၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၉,၈၁၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၅၇ ဦးဖြစ်ပြီး ၂၇-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၇၈ ရာခိုင်နှုန်းရှိ။