မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၊ Serum Institute of India Private Limited (SII)နှင့် Serum Institude Life Sciences Private Limited မှ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း ၁၃ ဒသမ ၄ သန်း ဝယ်ယူထားရာ ဒီဇင်ဘာလ ၂၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမအသုတ်အဖြစ် ၆ ဒသမ ၇ သန်း ရောက်ရှိခဲ့ပါသည်။
· မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး(၆ ဒသမ ၇)သန်း (10 doses per Vial ထုပ်ပိုး မှုပုံစံ)ဆေးအလုံးရေ ၆၇၀,၀၀၀ ဆေးပုံးအရေအတွက် ၅၅၉ ပုံးတို့အား ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ခံခဲ့။
· COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်ပုလင်းလျှင် လူ ၁၀ ယောက်ထိုးနိုင်ပြီး လူဦးရေ doses ၆,၇၀၀,၀၀၀ အတွက် လုံလောက်စွာထိုးနိုင်မည်ဖြစ်။
· ရောက်ရှိလာသောကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်။
၂၇-၁၂-၂၀၂၁ ရက်အထိ ပြည်ပနိုင်ငံများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိမှုများအနေဖြင့် COVISHIELD ၈.၇ သန်း၊ Sinopharm ၂၆.၇ သန်း၊ Sinovac ၃ သန်း စုစုပေါင်း ၃၈.၄ သန်း၊ လှူဒါန်းမှုများအနေဖြင့် COVISHIELD ၂.၅ သန်း၊ Sinopharm ၃.၆ သန်း၊ Sinovac ၆ သန်း၊ Covaxin ၀.၇ သန်း၊ Sputnik-V ၁,၇၀၀၊ စုစုပေါင်း ၁၂.၈ သန်းဖြင့် ကာကွယ်ဆေးရရှိမှုစုစုပေါင်း ၅၁.၁၇ သန်းရရှိပြီးဖြစ်သောကြောင့် ကာကွယ်ဆေးထိုးမှုအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- အိန္ဒိယနိုင်ငံမှဝယ်ယူထားသည့် COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးစုစုပေါင်း ၁၃ ဒသမ ၄ သန်းအနက် ပထမအသုတ်အဖြစ် ၆ ဒသမ ၇ သန်းရောက်ရှိခဲ့။
- COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်ပုလင်းလျှင် လူ ၁၀ ယောက်ထိုးနိုင်ပြီး လူဦးရေ doses ၆,၇၀၀,၀၀၀ အတွက် လုံလောက်စွာထိုးနိုင်မည်ဖြစ်။
- ၂၇-၁၂-၂၀၂၁ ရက်အထိ ပြည်ပနိုင်ငံများမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း ၃၈.၄ သန်း နှင့် လှူဒါန်းမှုမှ ၁၂.၈ သန်းရရှိခဲ့ရာ စုစုပေါင်း ၅၁.၁၇ သန်းလက်ခံရရှိခဲ့ပြီးဖြစ်။