တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နေပြည်တော်ရှိ လီဆူတိုင်းရင်းသားများကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာ  ပြည်ထောင်စုဝန်ကြီးက -

· တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပြီး ပြည်သူများလည်း စားဝတ်နေရေး ပြေလည် မည်ဖြစ်ကြောင်း။

· တိုင်းပြည်တိုးတက်ရေးအတွက် ခေါင်းဆောင်မှု၊ မူဝါဒနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ အဓိကကျပြီး တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ မပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် လီဆူတိုင်းရင်းသားများကိုယ်စားလှယ်တို့က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ပြည်သူများလည်း စားဝတ်နေရေး ပြေလည်မည်ဖြစ်။
  • တိုင်းပြည်တိုးတက်ရေးအတွက် ခေါင်းဆောင်မှု၊ မူဝါဒနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ အဓိကကျပြီး တိုင်းရင်း သားများ၏ စာပေနှင့် ယဉ်ကျေးမှုများ မပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်။