တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းသား/သင်တန်းသူများအား စစ်မှုထမ်းခန့်အပ်ခြင်းနှင့် (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းဆင်းအမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းဆင်းအမှတ်စဉ်(၆)တို့မှ သင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်းနှင့် (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်တွင် ကျင်းပခဲ့ပါသည်။

· နံနက်ပိုင်းတွင် ဆေးဝန်ထမ်းတာဝန် ခန့်အပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စစ်ရေးချုပ်က ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအား ဆေးဝန် ထမ်းတာဝန်ခန့်အပ်လွှာပေးအပ်ခဲ့။

· နေ့လည်ပိုင်းတွင် ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့ ၅၂ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၄ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ ၇ ဦး၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ၅ ဦး၊ ခန္ဓာသန်စွမ်းမှု  နည်းပညာ  ၅  ဦး၊  ခြေတုလက်တုနှင့် အားပြုကိရိယာ  နည်းပညာသိပ္ပံဘွဲ့ ၂ ဦး စုစုပေါင်း ၇၅ ဦးတို့အား ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်းခဲ့ပြီး သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၁၅ ဦးအား အဝေးရောက်ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်  နှင်းခဲ့။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်းသဘင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ယနေ့အထိ သူနာပြုပါရဂူဘွဲ့ ၂၄ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄၁ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၄၂၀ ဦး၊  ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံဘွဲ့ ၁၈၄ ဦး၊ သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၁၁၃ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာ ဒီပလိုမာဘွဲ့ ၁၆ ဦး၊ အထူးကြပ်မတ်သူနာပြုစုမှုဒီပလိုမာဘွဲ့ ၂၂ ဦး၊ ခွဲစိတ်ခန်းသူနာပြုစုမှု ဒီပလိုမာဘွဲ့ ၆၅ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃,၂၁၆ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့  ၂၁၃  ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့ ၆၂၆ ဦး စုစုပေါင်း ၅,၁၄၀ ဦးတို့အား ဘွဲ့များအပ်နှင်းပေးခဲ့ပြီးဖြစ်ပါသည်။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာ နည်းပြအရာရှိများ နိုင်ငံတကာ  အဆင့်မီအတတ်ပညာများရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက်စေလွှတ်ခဲ့ရာ သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူ ၅ ဦးနှင့် သူနာပြုမဟာသိပ္ပံဘွဲ့အတွက် သင်တန်းသူ ၈ ဦး၊  ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့သို့ သူနာပြုမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့ တက်ရောက်ခဲ့သူ ၆ ဦး နှင့် အင်ဒိုနီးရှားနိုင်ငံ Air Langer University သို့  သူနာပြုဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့သူ ၂ ဦး စုစုပေါင်း ၂၁ ဦးတို့သည် အထက်ပါတက္ကသိုလ်များသို့ တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

  • သူနာပြုသိပ္ပံဘွဲ့ ၅၂ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၄ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာ ဘွဲ့ ၇ ဦး၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ၅ ဦး၊ ခန္ဓာသန်စွမ်းမှုနည်းပညာ ၅ ဦး၊ ခြေတုလက်တုနှင့် အားပြုကိရိယာနည်းပညာ သိပ္ပံဘွဲ့ ၂ ဦး စုစုပေါင်း ၇၅ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့။
  • တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ယနေ့အထိ သူနာပြုပါရဂူဘွဲ့ ၂၄ ဦး၊ ဆေးပညာ သင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်း ပညာ ဒီပလိုမာဘွဲ့၊ အထူးကြပ်မတ်သူနာပြုစုမှု ဒီပလိုမာဘွဲ့၊ ခွဲစိတ်ခန်းသူနာပြုစုမှု ဒီပလိုမာဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါး ကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်း ပညာသိပ္ပံဘွဲ့ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၅,၁၄၀ ဦးတို့ အား ဘွဲ့များအပ်နှင်းပေးခဲ့။
  • သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်၊ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol Universityနှင့် အင်ဒိုနီးရှား နိုင်ငံ Air Langer University တို့သို့ စေလွှတ်ပညာသင်ကြားစေခဲ့။