(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

 

(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီလ ၂၂ ရက်မှစတင်၍ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချပေးခဲ့ရာ ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ တွဲ၊ ကျောက်မျက်အတွဲ ၁၂၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၂,၀၀၀ တွဲတို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးခဲ့ပါသည်-

  • ဧပြီလ ၂၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၇၀၁) မှ (၁၄၀၀) အထိ အတွဲပေါင်း ၇၀၀ တွဲအားရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၄၅၇ တွဲကို ရောင်းချနိုင်ခဲ့။
  • ဧပြီလ ၂၈ ရက်တွင် ကျောက်စိမ်းအတွဲပေါင်း ၈၇၈ တွဲကို ရောင်းချနိုင်ခဲ့။
  • မြန်မာ့ကျောက်မျက်ရတနာများရောင်းချရရှိမှုမှာ ပုလဲအတွဲပေါင်း ၃၃၀ တွဲ(ရာ နှုန်းပြည့်)၊ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲ(၄၈ ရာခိုင်နှုန်း)နှင့် ကျောက်စိမ်း အတွဲပေါင်း ၁,၃၃၅ တွဲ(၆၆.၇၅ ရာခိုင်နှုန်း) ရောင်းချနိုင်ခဲ့။
  • ပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၁၁၈ ဦး၊ အိန္ဒိယနိုင်ငံမှ ၂ ဦး၊ ကိုရီးယားနိုင်ငံမှ ၁ ဦး၊ ဩစတြေးလျနိုင်ငံမှ ၁ ဦးအပါအဝင် ပြည်ပရတနာကုန်သည် ၁၂၂ ဦးနှင့် ပြည်တွင်းရတနာကုန်သည် ၁,၄၂၄ ဦး၊ စုစုပေါင်းရတနာကုန်သည် ၁,၅၄၆ ဦးတို့ တက်ရောက်ခဲ့။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ကျင်းပပြုလုပ်ရောင်းချခြင်းဖြင့် ကျောက်မျက်ရတနာရောင်းဝယ်သူများအနေဖြင့် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာ အချောလုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဖြစ်သည့်အပြင် နိုင်ငံတော်အနေဖြင့် နိုင်ငံခြား ဝင်ငွေရရှိခြင်းနှင့် အခြားအခွန်အခများလည်း ရရှိမည်ဖြစ်သောကြောင့် အဆိုပါပြပွဲသည် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီလ ၂၂ ရက်မှစတင်၍ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချခဲ့။
  • ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ ပုလဲအတွဲပေါင်း ၃၃၀ တွဲ၊ ကျောက်မျက်အတွဲ ပေါင်း ၅၄ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၁,၃၃၅ တွဲတို့ကိုရောင်းချနိုင်ခဲ့။
  • ပြပွဲသို့ ပြည်ပရတနာကုန်သည် ၁၂၂ ဦးနှင့် ပြည်တွင်းရတနာကုန်သည် ၁,၄၂၄ ဦး၊ စုစုပေါင်းရတနာကုန်သည် ၁,၅၄၆ ဦးတို့ တက်ရောက်ခဲ့။

 

Add new comment