မြန်မာ- Republic of Tatarstan စီးပွားရေးဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

မြန်မာနိုင်ငံနှင့် Republic of the Tatarstan တို့အကြား နှစ်ဖက်အစိုးရ/ပုဂ္ဂလိက အဖွဲ့အစည်းများပါဝင်သော စကားဝိုင်းဆွေးနွေးပွဲ (Roundtable Talks between Myanmar and Tatarstan Business Circles) ကို ဧပြီလ ၂၈ ရက်တွင် နေပြည်တော်ရှိ PARKROYAL Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ Republic of the Tatarstan သမ္မတ H.E. Mr. Rustam Nurgaliyevich Minnikhanov နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ ဦးဆောင်တက်ရောက်ခဲ့ပါသည်။

စကားဝိုင်းဆွေးနွေးပွဲတွင်-

  • ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်အလွန်ကာလ ဦးစားပေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ထားရှိမှုများ၊ မြန်မာ-တာတာစတန်အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့် နိုင်မည့်အလားအလာများနှင့် စပ်လျဉ်း၍ အလေးထားပြောကြားခဲ့။
  • Republic of the Tatarstan သမ္မတက နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်သော နယ်ပယ်အသစ်များမှတစ်ဆင့် အကျိုးတူဖက်စပ်စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်မှုအပါအဝင် ပြန်လည်ပြုပြင်ရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အပြန်အလှန်အလုပ်သဘောခရီးစဉ်များဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ပညာသင်များအား တာတာစတန်၏မြို့တော် ကာဇန်ရှိ အဆင့်မြင့်တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့။
  • မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV က ဆွေး နွေးပွဲမှတစ်ဆင့် နှစ်ဖက်ချစ်ကြည်ရင်းနှီးမှုနှင့်အတူ စီးပွားရေးနယ်ပယ်အသီးသီးတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် သံရုံးအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
  • Republic of the Tatarstan ၏ ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ H.E. Mr. Karimov Albert Anvarovich က မြန်မာနိုင်ငံနှင့် တာတာစတန်တို့အကြား အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ဆွေးနွေးတင်ပြခဲ့။
  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေး၊ မော်တော်ယာဉ်ထုတ် လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ဆန် နှင့် ပဲမျိုးစုံ အဆင့်မြှင့်တင်ပို့ထုတ်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့။

ထို့နောက် မြန်မာ့ဆန်နှင့် လယ်ယာထွက်ကုန်များတင်ပို့မှုနှင့် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းများ တင်သွင်းမှုတို့အတွက် ရည်ရွယ်သည့်စာလွှာ (Letter of Intent-LOI) နှစ်စောင်ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်နှင့် Republic of the Tatarstan ဘက်မှ JSC “RATSIN” တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပါသည်။

မြန်မာ - Republic of the Tatarstan စီးပွားရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ Republic of the Tatarstan စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ မြန်မာဘက်မှ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းနှင့် မြန်မာ-ရုရှား စီးပွားရေးဖွံ့ဖြိုးမှု အသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၇၀) ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်အလွန်ကာ ဦးစားပေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆောင်ရွက်ထားရှိမှုများ၊ မြန်မာ-တာတာစတန်အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်နိုင်မည့် အလားအလာများအား ပြောကြားခဲ့။
  • Republic of the Tatarstan သမ္မတက နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်သော နယ်ပယ်အသစ်များမှတစ်ဆင့် အကျိုးတူဖက်စပ်စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်မှုအပါအဝင် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အပြန်အလှန်အလုပ်သဘောခရီးစဉ်များဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ပညာသင်များအား တာတာစတန်၏မြို့တော် ကာဇန်ရှိ အဆင့်မြင့်တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့။
  • မြန်မာ့ဆန်နှင့် လယ်ယာထွက်ကုန်များတင်ပို့မှုနှင့် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းများ တင်သွင်းမှုတို့အတွက် ရည်ရွယ်သည့်စာလွှာ (Letter of Intent-LOI) နှစ်စောင်ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့။
  • စီးပွားရေးဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲသို့ Republic of the Tatarstan နှင့် မြန်မာနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၇၀) ပါဝင်တက်ရောက်ခဲ့။

Add new comment