မြန်မာနိုင်ငံ၌ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ၂၈ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)တို့သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။
- Republic of the Tatarstan သမ္မတနှင့်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး လှိုဏ်တော်အတွင်းရှိ ကျောက်စိမ်းရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီးနောက် Republic of the Tatarstan သမ္မတသည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုး၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့။
- Republic of the Tatarstan သမ္မတနှင့်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်တွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး စေတီတော်အရှေ့ ဘက်မုခ်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်သို့ သွားရောက်ကာ ဆင်ဖြူတော်များကို အစားအစာများကျွေးမွေးခဲ့။
- Republic of the Tatarstan သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အပိုင်းများအား CNC Machine များဖြင့် ထုဆစ်နေမှုနှင့် ထုဆစ်ပြီးစီးမှု အခြေအနေများ ကို သွားရောက်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့။
မွန်းလွဲပိုင်းတွင် Republic of the Tatarstan သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြခန်းမဆောင်အတွင်း ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရွှေထည်၊ ငွေထည်နှင့် သယံဇာတ ပစ္စည်းများကို ပြကွက်အလိုက် ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရှိရပါသည်။
- မြန်မာနိုင်ငံ၌ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် Republic of the Tatarstan သမ္မတဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၈ ရက်တွင် နေပြည် တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) တို့သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့။
Add new comment