တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ဧပြီလ ၂၈ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ကျင်းပခဲ့ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာ၌-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တရားမဝင်ကုန်သွယ်မှုများ ရှိနေဆဲဖြစ်သည့်အတွက် ထိထိရောက်ရောက် အရှိန်မြှင့်ဆောင်ရွက်ဖို့”နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရီးစဉ်၌လည်း “နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ဖို့” လမ်းညွှန်မှာကြားခဲ့ကြောင်း။
- ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖမ်းဆီးရမိအမှုတွဲ (၂၉၈)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၆ ဒသမ ၃၂၄)ဘီလီယံနှင့် ဖေဖော်ဝါရီလတွင် ဖမ်းဆီးရမိ အမှုတွဲ (၂၄၇)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃ ဒသမ ၁၅၀)ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဖမ်းဆီးရမိအမှုတွဲ (၃၀၁)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃ဒသမ၄၃၀)ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း။
- ဦးဆောင်ကော်မတီအစည်းအဝေး(၁/၂၀၂၁) ကျင်းပခဲ့ပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှမတ်လအထိ (၃)လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၈၄၆)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁၂ ဒသမ ၉၀၄) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ (၃)လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၅၀၁)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁ ဒသမ ၈၁၅)ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ (၃၄၅)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁၁ ဒသမ ၀၈၉) ဘီလီယံ ပိုမိုဖမ်းဆီး နိုင်ခဲ့ကြောင်း။
- ယခင်နှစ် တစ်နှစ်လုံးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိတန်ဖိုးကျပ် (၈ ဒသမ ၄၅၉) ဘီလီယံသာ ဖမ်းဆီး ရမိခဲ့သည့်အတွက် (၃) လအတွင်း ခန့်မှန်းတန်ဖိုးကျပ် (၄ ဒသမ ၄၄၅)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
- ဖမ်းဆီးရမိပစ္စည်းများတွင် ကန့်သတ်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်း များနှင့် ပေါက်ကွဲစေတတ်သည့် ကန့်သတ်ပစ္စည်းများသာမက ဓါတုကုန်ကြမ်း ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များကိုပါ ဖမ်းဆီး ရမိသည်ကို တွေ့ရကြောင်း။
- တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် အခက်အခဲများ တွေ့ကြုံရပါက ဦးဆောင်ကော်မတီသို့ တင်ပြကြရန်နှင့် လိုအပ်သော ပေါင်းစပ်ညှိနှိုင်း မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
- တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် လုပ်ထုံးလုပ်နည်းများ တပြေးညီဖြစ်ရန်လိုအပ်ကြောင်းနှင့် သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ၊ အရေးယူရမည့် ဥပဒေပုဒ်မများကို တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
- တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုလုပ်ကိုင်သူများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖမ်းဆီးမှုတွင်ပါဝင်သည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို မကျေနပ်သောစိတ်၊ လက်စားချေလိုသောစိတ်ဖြင့် ထိခိုက် နစ်နာအောင် နည်းမျိုးစုံသုံး ကြိုးပမ်းနေကြသည်ကိုလည်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန အကြီးအကဲများအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို မိသားစုဝင်ကဲ့သို့ သဘောထား၍ ၎င်းတို့၏ လုံခြုံရေးနှင့်နေထိုင်မှုအဆင်ပြေရေးကို အလေးထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- ပြည်သူလူထုကို အန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်နှင့်ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ MICC-II ၌ ကျင်းပခဲ့သည့် အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်း အခမ်းအနားတွင် FDA နှင့် ဆက်စပ်ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် မူဝါဒလုပ်ငန်းစဉ်များအတိုင်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် တားဆီးစစ်ဆေး အရေးယူခြင်းများ ရှိသကဲ့သို့ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများမှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်များလည်းရှိကြောင်း။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း သတင်းပေးတိုင်ကြားမှု စုစုပေါင်း (၂၉) မှု ရှိခဲ့ပြီး ဖမ်းဆီးရမိမှု (၂၂) မှု၊ သတင်းမှား (၅) မှု၊ နောက်ကျသတင်းပေး (၁) မှုနှင့် ဆောင်ရွက်ဆဲ (၁) မှုတို့ဖြစ်ပြီး သတင်းပေးတိုင်ကြားမှု၏ (၇၆) ရာခိုင်နှုန်းခန့် အမှန်တစ်ကယ် ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
- ဦးဆောင်ကော်မတီအစည်းအဝေး(၁/၂၀၂၁) ကျင်းပခဲ့ပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှမတ်လအထိ (၃)လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၈၄၆)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁၂ ဒသမ ၉၀၄) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ (၃)လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၅၀၁)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁ ဒသမ ၈၁၅)ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ (၃၄၅)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၁၁ ဒသမ ၀၈၉) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့။
- တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် လုပ်ထုံးလုပ်နည်းများ တပြေးညီ ဖြစ်ရန်လိုအပ်ကြောင်းနှင့် သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ၊ အရေးယူရမည့် ဥပဒေပုဒ်မများကို တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန်လို။
- တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုလုပ်ကိုင်သူများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖမ်းဆီးမှုတွင်ပါဝင်သည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို မကျေနပ်သောစိတ်၊ လက်စားချေလိုသောစိတ်ဖြင့် ထိခိုက် နစ်နာအောင် နည်းမျိုးစုံသုံး ကြိုးပမ်းနေကြသည်ကိုလည်းတွေ့ရှိရသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန အကြီးအကဲများအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို မိသားစုဝင်ကဲ့သို့ သဘောထား၍ ၎င်းတို့၏ လုံခြုံရေးနှင့်နေထိုင်မှုအဆင်ပြေရေးကို အလေးထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် တားဆီးစစ်ဆေး အရေးယူခြင်းများ ရှိသကဲ့သို့ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများမှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်များလည်းရှိကြောင်း။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း သတင်းပေးတိုင်ကြားမှု စုစုပေါင်း (၂၉) မှု ရှိခဲ့ပြီး ဖမ်းဆီးရမိမှု (၂၂) မှု၊ သတင်းမှား (၅) မှု၊ နောက်ကျသတင်းပေး (၁) မှုနှင့် ဆောင်ရွက်ဆဲ (၁) မှုတို့ဖြစ်ပြီး သတင်းပေးတိုင်ကြားမှု၏ (၇၆) ရာခိုင်နှုန်းခန့် အမှန်တစ်ကယ် ဖမ်းဆီးရမိခဲ့။
Add new comment