နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းချက်ကို ကြိုဆိုထောက်ခံသည့် သဘောထားထုတ်ပြန်ချက်များ

 

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်မိန့်ခွန်းသည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်သဖြင့် နိုင်ငံရေးပါတီ (၂၃) ပါတီနှင့် ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်း (၁၁)ဖွဲ့က ကြိုဆိုထောက်ခံကြောင်းဖြင့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ဧပြီလ ၂၈ ရက်တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက် ဆက်လက်ထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူကိုယ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်မှုသည် လမ်းကြောင်း မှန်ကိုရှေးရှု၍ ကြီးမားသောခြေလှမ်းလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသူအားလုံးက အမိအရ ရယူအသုံးချရမည့် အခွင့်အခါကောင်းတစ်ရပ်ဖြစ်ကြောင်းနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်ရန်အလို့ငှာ မျှော်မှန်းထားသည့် ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေး ဖြစ်နိုင်သမျှ အခြေအနေများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

  • မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူကိုယ်တိုင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်မှုသည် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသူအားလုံးက အမိအရ ရယူအသုံးချရမည့် အခွင့်အခါကောင်းတစ်ရပ်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေး ဖြစ်နိုင်သမျှအခြေအနေများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့။

Add new comment