နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Tatarstan သမ္မတအား လက်ခံတွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov အား ဧပြီလ ၂၈ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး Republic of the Tatarstan သမ္မတနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov ၊ Tatarstan ပြည်နယ် ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Mr. KARIMOV Albert Anvarovich နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး Republic of the Tatarstan သမ္မတက ယခုခရီးစဉ်အတွင်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက်လေ့လာခဲ့သည့် အခြေအနေများနှင့် ယခုမာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ရေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် စီမံဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာများ၊ သံမဏိနှင့်စက်မှုဓာတုလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်၊ အရပ်ဘက် ပညာတော်သင်များစေလွှတ်ရေး၊ ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Republic of the Tatarstan သမ္မတနှင့် အဖွဲ့ဝင်များကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov အား လက်ခံတွေ့ဆုံခဲ့။
  • တွေ့ဆုံပွဲတွင် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာများ၊သံမဏိနှင့်စက်မှုဓာတုလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်၊ အရပ်ဘက် ပညာတော်သင်များ စေလွှတ်ရေး၊ ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment