နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။
စစ်ဆေးတွေ့ရှိချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်ပေးအပ်သော အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀(ခြောက်သိန်း)နှင့် အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာတို့ကို ၎င်း၏နေအိမ်တွင် သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့ခြင်းကြောင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂/၂၀၂၁ ဖြင့် မန္တလေးတိုင်းဒေသကြီး သီးသန့်တရားရုံး (နေပြည်တော်)တွင် ရုံးထိုင်စစ်ဆေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ဧပြီလ ၂၇ ရက်တွင် ၎င်းအပေါ် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိ ရပါသည်။
- ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀(ခြောက်သိန်း)နှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာတို့ကို ၎င်း၏နေအိမ်တွင် လက်ခံရယူခဲ့သည့်ပြစ်မှုမှာ ထင်ရှားသဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့။
Add new comment