စာပေသင်ကြားမှုကို မလိုလားသည့် အကြမ်းဖက်သမားများက မူလတန်းလွန်ဗဟိုစာသင်ကျောင်းအား မီးရှို့ဖျက်ဆီး

 

ဧပြီလ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရုံးကြီးရပ်ကွက်၌ မူလတန်းလွန်ဗဟိုစာသင်ကျောင်းရှိ KG စာသင်ခန်းအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် စာသင်ခန်းအတွင်းရှိ အလျား ၂၄ ပေ၊ အနံ ၂ ပေရှိ သင်ထောက်ကူဘီရို ၁ လုံးနှင့် မျက်နှာကျက် များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

NUG အဖွဲ့၏ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ PDF အကြမ်းဖက်သမားများသည် စာသင်ကျောင်းများ ဖွင့်လှစ်ပေးလျက်ရှိသည်ကို လိုလားမှုမရှိသဖြင့် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ ဧပြီလ ၂၈ ရက်အထိ စာသင်ကျောင်းမီးရှို့ဖျက်ဆီးခဲ့မှု အကြိမ်အရေအတွက် ၁၂၆ ကြိမ် ရှိပြီဖြစ်ပါသည်။

ထိုကဲ့သို့ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • ပဲခူးမြို့နယ်၊ ရုံးကြီးရပ်ကွက်၌ မူလတန်းလွန်ဗဟိုစာသင်ကျောင်းရှိ KG စာသင်ခန်းအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့။
  • ဧပြီလ ၂၈ ရက်အထိ စာသင်ကျောင်းမီးရှို့ဖျက်ဆီးခဲ့မှု အကြိမ်အရေအတွက် ၁၂၆ ကြိမ် ရှိပြီဖြစ်။

Add new comment