(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသရောင်းချလျက်ရှိ

 

(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီလ ၂၂ ရက်မှစတင်၍ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ တွဲ၊ ကျောက်မျက်အတွဲ ၁၂၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၂,၀၀၀ တွဲတို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးလျက်ရှိပါသည်-

  • ဧပြီလ ၂၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၇၀၁) မှ (၁၄၀၀) အထိ အတွဲပေါင်း ၇၀၀ တွဲအားရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၄၅၇ တွဲကို ရောင်းချနိုင်ခဲ့။

မြန်မာ့ကျောက်မျက်ရတနာများအား ခင်းကျင်းပြသရောင်းချလျက်ရှိရာ ဧပြီလ ၂၂ ရက်မှ ၂၇ ရက်အထိ ပုလဲအတွဲပေါင်း ၃၃၀ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲနှင့် ကျောက်စိမ်းအတွဲ ၉၈၀ တွဲတို့ကိုရောင်းချပြီးဖြစ်ကြောင်း သိရှိရပါသည်။    

  • (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီလ ၂၂ ရက်မှစတင်၍ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်။
  • ဧပြီလ ၂၂ ရက်မှ ၂၇ ရက်အထိ ပုလဲအတွဲပေါင်း ၃၃၀ တွဲ၊ ကျောက်မျက် အတွဲပေါင်း ၅၄ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၉၈၀ တွဲတို့ကိုရောင်းချပြီးဖြစ်။

 

 

 

 

 

 

 

 

Add new comment