၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) (အောက်တိုဘာလမှ မတ်လအထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု(ယာယီစာရင်းအရ) ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၈,၂၇၉) သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၇,၉၅၅) သန်း ဆောင်ရွက်နိုင်ခဲ့၍ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၁၆,၂၃၄) သန်းဖြစ်ပြီး ပို့ကုန်က သွင်းကုန်ထက်ပိုမိုသဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၃၂၄) သန်း ရရှိခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(အောက်တိုဘာလမှ မတ်လအထိ) ကာလတူနှင့်နှိုင်းယှဉ်က ပို့ကုန်တွင် အမေရိကန်ဒေါ်လာ (၉၈) သန်းကျော်နှင့် သွင်းကုန်တွင် အမေရိကန်ဒေါ် လာ(၁၆၄) သန်းပိုမိုပြီး ကာလတူထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၆၃) သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget တွင် စီမံကိန်းဥပဒေပါ ပို့ကုန်လျာထားချက် အမေရိကန်ဒေါ်လာ ၈,၂၀၀ သန်း၏ ၁၀၁ ရာခိုင်နှုန်း၊ သွင်းကုန်လျာထားချက် အမေရိကန် ဒေါ်လာ ၈,၈၀၀ သန်း၏ ၉၀ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏ လျာထားချက် အမေရိကန်ဒေါ်လာ ၁၇,၀၀၀ သန်း၏ ၉၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) (အောက်တိုဘာလမှ မတ်လအထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု(ယာယီစာရင်းအရ) ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ(၈,၂၇၉)သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၇,၉၅၅)သန်း ဆောင်ရွက်နိုင်ခဲ့။
-
ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၆,၂၃၄)သန်းဖြစ်ပြီး ပို့ကုန်က သွင်းကုန်ထက်ပိုမိုသဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၃၂၄)သန်းရရှိခဲ့။
-
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်က ပို့ကုန်တွင် အမေရိကန်ဒေါ်လာ (၉၈)သန်းကျော်နှင့် သွင်းကုန်တွင် အမေရိကန်ဒေါ် လာ(၁၆၄) သန်းပိုမိုပြီး ကာလတူထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၆၃)သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့။
Add new comment