နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မှုဝါဒမိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားကို ဧပြီလ ၂၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ရာ-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်သာယာဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာပေါများရေးစသည့် အမျိုးသားရေးရည်မှန်းချက်(၂)ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
  • အစားအသောက်ကနဦးထုတ်လုပ်သူများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ စတင်၍ အရည်အသွေးစံချိန်စံညွှန်းပြည့်မီသည့် အခြေခံအစားအသောက်များကို ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ထပ်ဆင့်ထုတ်လုပ်ရာတွင်လည်း အသေးစား၊ အလတ်စားမှစ၍ စားသောက်ကုန်လုပ်ငန်းကြီးများအထိ အရည်အသွေးစံချိန်စံညွန်းများနှင့်အညီ ကုန်ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်း။
  • နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီစွာ စနစ်တကျထုပ်ပိုး၍ နိုင်ငံတကာ ဈေးကွက်များတွင် ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေးကိုလည်း ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ကောင်းမွန်သော အလေ့အကျင့်ကောင်းများပါဝင်သည့် (Good Agriculture Practices–GAP) စံချိန်စံညွှန်းနှင့်အညီ လိုက်နာကျင့်သုံးရန် နည်းပညာပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတစ်ဝန်းတွင် မွေးမြူရေးဇုန် (၂၇) ဇုန်နှင့် ခွာနာလျှာနာ ထိန်းချုပ်ရေးဇုန် (၅)ဇုန် ဖော်ဆောင်ထားရှိပြီး ကျင့်စဉ်များနှင့်အညီ မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။
  • ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း။
  • စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိလာသည့်  အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်သည့် အစားအသောက်များကို အများပြည်သူ ဝယ်ယူသုံးစွဲနိုင်ရေးသည် အရေးကြီးကြောင်း။
  • မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီ၊ ခေါက်ဆွဲ၊ လက်ဖက်စသည့် စားသောက်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတစ်ဝန်းရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲများသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ဈေးကွက်အတွင်း အများပြည်သူစားသုံးရန် မသင့်သည့် အစားအသောက်များကို ရှာဖွေစိစစ်ခြင်းလုပ်ငန်းများ လစဉ်ဆောင်ရွက်နေကြောင်း။
  • ရေရှည်အကျိုးစီးပွားကိုရှေးရှုသည့် ပွင့်လင်းမြင်သာပြီး ခိုင်မာသည့်အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒရှိမှသာ မူဝါဒနှင့်လျော်ညီသည့် ခေတ်မီဥပဒေများ၊ နည်းဥပဒေများကို ချမှတ်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း။
  • ယခုမူဝါဒအရ သက်ဆိုင်ရာနယ်ပယ်အလိုက်တိကျသည့် တာဝန်ခွဲဝေမှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး အစားအသောက်ကြောင့်ဖြစ်သည့် ကျန်းမာရေးဆိုးကျိုးများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည့်အပြင် စိတ်ချယုံကြည်ရသည့် အစားအသောက်ဈေးကွက်တစ်ရပ် ထူထောင်နိုင်မည်ဖြစ်ကြောင်း။
  • အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနှင့် လုပ်ငန်းများ အောင်မြင်သည်အထိ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒမိတ်ဆက်ခြင်းနှင့်ဖြန့်ဝေခြင်း အထိမ်းအမှတ်ပြခန်းများနှင့် food and Drug Administration Mobile Laboratory ယာဉ်များကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးမောင်းဟာနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်သာယာဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာပေါများရေးစသည့် အမျိုးသားရေးရည်မှန်းချက်(၂)ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • ရေရှည်အကျိုးစီးပွားကိုရှေးရှုသည့် ပွင့်လင်းမြင်သာပြီး ခိုင်မာသည့်အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒရှိမှသာ မူဝါဒနှင့်လျော်ညီသည့် ခေတ်မီဥပဒေများ၊ နည်းဥပဒေများကို ချမှတ်လုပ်ဆောင်နိုင်မည်ဖြစ်။
  • ယခုမူဝါဒအရ သက်ဆိုင်ရာနယ်ပယ်အလိုက်တိကျသည့် တာဝန်ခွဲဝေမှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး အစားအသောက်ကြောင့်ဖြစ်သည့် ကျန်းမာရေးဆိုးကျိုးများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည့်အပြင် စိတ်ချယုံကြည်ရသည့် အစားအသောက်ဈေးကွက်တစ်ရပ် ထူထောင်နိုင်မည်ဖြစ်။

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment