လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သောကျောက်မီးသွေးထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင် အဂတိလိုက်စားမှုများရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူ ပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ-
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့သည် တီကျစ်ကျောက်မီးသွေး အကြီးစားထုတ်လုပ်မှုအပေါ် နိုင်ငံတော်မှရရှိမည့် ဓာတ်သတ္တုခွန်များအနက် ကျောက်မီးသွေး တန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁,၉၀၀ ကျော်နှင့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄,၀၀၀ ကျော် လျော့နည်းရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅,၉၀၀ ကျော် နစ်နာခဲ့ကြောင်း။
- လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီတို့သည် ကျောက်မီးသွေးဝယ်ယူခြင်း စာချုပ်ချုပ်ဆိုရာတွင် ထုတ်လုပ်မှုလျော့နည်းတွက်ချက်၍ တစ်တန်ဈေးနှုန်းတိုးမြှင့်ကာ ဌာနမှဝယ်ယူခဲ့သည့်တန်ချိန် ၁၄ သိန်းကျော်အတွက် ငွေကျပ် ၈,၂၀၀ သန်းကျော်နှင့် ကုမ္ပဏီမှပေးဆောင်ရမည့် ဝင်ငွေခွန် ငွေကျပ်သန်း ၁,၂၀၀ ကျော်၊ စုစုပေါင်း ငွေကျပ်သန်း ၉,၄၀၀ ကျော် နိုင်ငံတော်မှ နစ်နာခဲ့ကြောင်း။
စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် ဦးကျော်ဆန်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း၊ ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ဧပြီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရလည်းကောင်း။
- အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် ဦးကျော်ဆန်းတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း။
- ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် ကုမ္ပဏီ၏မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ဧပြီလ ၂၅ ရက် နေ့ရက်စွဲဖြင့် တရားစွဲဆိုအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိ။
Add new comment