ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧပြီလ ၂၆ ရက်အထိ လူဦးရေစုစုပေါင်း ၃၀ ဒသမ ၀၄ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၃ ဒသမ ၀၂ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၇ ဒသမ ၀၂ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၅၄ ဒသမ ၄၀ သန်းထိုးနှံပြီးဖြစ်။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၂၆ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၁,၃၃၈,၈၉၉ ဦးရှိ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၂၅-၇-၂၀၂၁ ရက်မှ ၂၆-၄-၂၀၂၂ ရက်အထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်တို့ရှိ နယ်စပ်ဂိတ်တို့မှတစ်ဆင့် ၇၇,၀၅၁ ဦးပြန်လည်ဝင်ရောက်လာခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၆ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၂၈၄ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၀.၁၈ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၆-၄-၂၀၂၂ ရက် အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၉၁၅,၉၆၀ ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၂,၇၈၅ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၃၄ ဦးရှိကြောင်း သိရှိရပါသည်။

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧပြီလ ၂၆ ရက်အထိ လူဦးရေစုစုပေါင်း ၃၀ ဒသမ ၀၄ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၃ ဒသမ ၀၂ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၇ ဒသမ ၀၂ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၅၄ ဒသမ ၄၀ သန်းထိုးနှံပြီးဖြစ်။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ၂၆ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၁,၃၃၈,၈၉၉ ဦးရှိ။
  • ၂၆-၄-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၉၁၅,၉၆၀ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၂,၇၈၅ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၃၄ ဦးဖြစ်ပြီး ၂၆-၄-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၀.၁၈ ရာခိုင်နှုန်းရှိ။

Add new comment