ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် “Seminar on ASEAN-Korea Culture and Tourism” သို့ အွန်လိုင်းမှ တက်ရောက်

 

အာဆီယံ-ကိုရီးယားဗဟိုဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့နှင့် Travie Magazineတို့မှကြီးမှူး၍ “Seminar on ASEAN-Korea Culture and Tourism”ဆွေးနွေးပွဲကို “ဒီဂျစ်တယ်နည်းပညာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီးကြံ့ကြံ့ခံတုန့်ပြန်နိုင်စွမ်းရှိသော ခရီးသွား လုပ်ငန်းများဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် ဧပြီလ ၂၆ ရက်တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တာဝန်ရှိသူများနှင့်အတူ အွန်လိုင်းမှ ပါဝင်တက်ရောက်ကြခဲ့ပါသည်။

ဆွေးနွေးပွဲပထမနေ့တွင် အာဆီယံ-ကိုရီးယားဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. KIM Hae-yongနှင့် ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့မှ အမှုဆောင်အရာရှိချုပ် Mr. AHN Young-baeတို့က အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့အကြား အနာဂတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။

သက်ဆိုင်ရာနယ်ပယ်ရှိပညာရှင်များက ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနည်းလမ်းများဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို ဖြေရှင်းကျော်လွှားခြင်းဆိုင်ရာ အတွေ့အကြုံများနှင့်  ကြံ့ကြံ့ခံတုန့်ပြန်နိုင်သော အနာဂတ်ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းများ၏ အရေးပါပုံများ စသည့်ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြပြီး ရလဒ်များအပေါ် ပြန်လည် သုံးသပ်တင်ပြကြသည်။

ယခုဆွေးနွေးပွဲအား ဧပြီလ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံနှင့် ကိုရီးယားခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် Smart Tourism ဆိုင်ရာ မဟာဗျူဟာအစီအစဉ်များ ချမှတ်ရေးဆွဲနိုင်ရေးနှင့် အာဆီယံနှင့် ကိုရီးယားခရီးသွားလုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာဖြင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် အာဆီယံ-ကိုရီးယားဗဟိုဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့နှင့် Travie Magazine တို့မှ ကြီးမှူးသည့် “Seminar on ASEAN-Korea Culture and Tourism” ဆွေးနွေးပွဲကို အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့။
  • ယခုဆွေးနွေးပွဲအား ဧပြီလ ၂၆ ရက်မှ ၂၇ ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံနှင့် ကိုရီးယားခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် Smart Tourism ဆိုင်ရာ မဟာဗျူဟာအစီအစဉ်များ ချမှတ်ရေးဆွဲနိုင်ရေးနှင့် အာဆီယံနှင့် ကိုရီးယားခရီးသွားလုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာဖြင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်။

Add new comment