အိန္ဒိယအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံအိတ်များကို မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ပြည်သူများထံ ပေးအပ်လှူဒါန်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဧပြီလ ၂၃ ရက်တွင် အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းခဲ့သည့် ဆန်နှင့်ဂျုံအိတ်များကို မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဆန်နှင့်ဂျုံများကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

  • ဧပြီလ ၂၅ ရက်တွင် အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းခဲ့သည့် ဆန်နှင့်ဂျုံများကို တာဝန်ရှိသူများက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများထံ သွားရောက်လှူဒါန်းခဲ့။

 

 

 

 

 

 

 

 

 

 

 

 

Add new comment