(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသရောင်းချလျက်ရှိ

 

(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီလ ၂၂ ရက်မှစတင်၍ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ တွဲ၊ ကျောက်မျက်အတွဲ ၁၂၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း အတွဲ ၂,၀၀၀ တွဲတို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးလျက်ရှိပါသည်-

  • ဧပြီလ ၂၅ ရက်တွင် ကျောက်မျက်အတွဲအမှတ် (၁) မှ ကျောက်မျက်အတွဲ ၅၄ တွဲကို ရောင်းချနိုင်ခဲ့။

မြန်မာ့ကျောက်မျက်ရတနာများအား ခင်းကျင်းပြသရောင်းချလျက်ရှိရာ ဧပြီလ ၂၂ ရက်မှ ၂၅ ရက်အထိ ပုလဲအတွဲပေါင်း ၃၃၀ တွဲနှင့် ကျောက်မျက်ရတနာအတွဲပေါင်း ၅၄ တွဲ ရောင်းချပြီးဖြစ်ကြောင်း သိရှိရပါသည်။       

  • (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီလ ၂၂ ရက်မှစတင်၍ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်။
  • ဧပြီလ ၂၂ ရက်မှ ၂၅ ရက်အထိ ပုလဲအတွဲပေါင်း ၃၃၀ တွဲနှင့် ကျောက်မျက် ရတနာအတွဲပေါင်း ၅၄ တွဲရောင်းချပြီးဖြစ်။

 

 

 

 

 

 

 

Add new comment