ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား ဧပြီလ ၂၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက-

  • မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မိတ်ဆွေကောင်း အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ဘာသာ၊ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီနစ်ကို ဖော်ဆောင်ရာတွင်လည်း တူညီသော သမိုင်းကြောင်းများရှိခဲ့ကြောင်း။
  • အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် အကူအညီပေးနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ပါသည်။

မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက်နေမှု၊ PR စနစ်ပြောင်းလဲကျင့်သုံးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကူအညီပေးနိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံခဲ့။
  • အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။

Add new comment