နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ထောက်ခံခြင်း

 

၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည့် မိန့်ခွန်းသည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်သဖြင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအသင်း(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)နှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့မှ ထောက်ခံကြောင်းဖြင့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ပါသည်။

  • အဆိုပါပြောကြားချက်သည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်သဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ လှိုက်လှဲစွာထောက်ခံခဲ့။
  • အဆိုပါပြောကြားချက်သည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်သဖြင့် မြန်မာနိုင်ငံဟာသပညာရှင်များအသင်း(ဗဟို)မှ လေးနက်စွာကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့။
  • အဆိုပါဖိတ်ခေါ်ကမ်းလှမ်းမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ဖိတ်ခေါ်ကမ်းလှမ်းချက်ဖြစ်သဖြင့် မြန်မာနိုင်ငံဂီတအစည်းအရုံးက အကြွင်းမဲ့ ထောက်ခံကြောင်း ကြေညာခဲ့။
  • အဆိုပါပြောကြားချက်ကို အပြည့်အဝထောက်ခံကြောင်းနှင့် ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုလျက် ရိုးသားပွင့်လင်းစွာ လက်တွဲဆောင်ရွက်ကြပါရန် သက်ဆိုင်သူများအား အလေးအနက်တိုက်တွန်းကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းက သဘောထားထုတ်ပြန်ခဲ့။
  • အဆိုပါပြောကြားချက်သည် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏အရသာကို ခံစားနိုင်ရေးတို့အတွက် ရှေးရှုဖော်ဆောင်ခြင်းဖြစ်သဖြင့် ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထား ထုတ်ပြန်ခဲ့။

အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး (၇၅) နှစ်တာကာလအတွင်း လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားများ အပြည့်အဝ မခံစားရသေးသော ကြောင့် ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေးရရှိစေရန်နှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂) ဦးစီ တက်ရောက်ပေးကြရန် နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည့် မိန့်ခွန်းသည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်သဖြင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအသင်း(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့မှ ထောက်ခံကြောင်း ဖြင့် သဘောထား ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့။

 

 

 

 

 

Add new comment