လှိုင်သာယာ(အရှေ့ပိုင်း)နှင့်(အနောက်ပိုင်း)မြို့နယ်များအတွင်း အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများအား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ပြစ်ဒဏ်များ အသီးသီးအမိန့်ချမှတ်ခဲ့ပါသည်။

  • လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက်(ခ)ကျောင်းဆရာနှင့် ရဲရင့်ထူး(ခ)ရဲကြီး ဌေးသန္တာ(ခ)ဌေးဌေးတို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့ခြင်း၊ ရဲကင်းစခန်း အပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ လက်လုပ်မိုင်းများအား လက်ခံသိမ်းဆည်းပေးခြင်းနှင့် အကြမ်းဖက်သင်တန်းတက်ရောက်ရန် ငွေကြေးထောက်ပံ့မှုများကို လုပ်ဆောင် ခဲ့ခြင်းတို့ကြောင့်လည်းကောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀ (ည)တို့အရ ၎င်းတို့အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်ခဲ့။
  • လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ကျော်သီဟထွန်း(ခ)သီဟသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာ လမ်းနေ ဦးသိန်းဦးနှင့် ဦးမြသန်းတို့အား ဒလန်ဟုစွပ်စွဲ၍ လူသတ်သမားများနှင့်အတူ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး တာယာကွင်းများ ပေါ်တင်ကာ ဓာတ်ဆီလောင်း၍ မီးရှို့ သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်မှုကျူးလွန်ရာ၌ အားပေးကူညီမှု ပြုခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂)/၁၁၄ အရ ၎င်းအား “အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၂၀ နှစ်” ပြစ်ဒဏ်ကို အမိန့်ချမှတ်ခဲ့။

          စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့်စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။           

  • လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက် (ခ) ကျောင်းဆရာအပါအဝင် (၃) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ၎င်းတို့အား ထောင်ဒဏ် တစ်သက်ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်ခဲ့။
  • လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ကျော်သီဟထွန်း (ခ)သီဟသည် လူသတ်မှု ကျူးလွန်ရာ၌ အားပေးကူညီမှု ပြုခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂)/၁၁၄ အရ ၎င်းအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်ပြစ်ဒဏ်ကို အမိန့်ချမှတ်ခဲ့။

Add new comment