ပင်လည်ဘူးမြို့တွင် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် လုံခြုံစိတ်ချရသောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများကို စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး လုံခြုံစိတ်ချရသောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများကို နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က အဆိုပါ တိမ်းရှောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် သိန်း ၃၀၀ ၊ ငါးခြောက် သုံးအိတ်၊ ငါးသေတ္တာ ငါးဖာ၊ ခေါက်ဆွဲခြောက် ၁၄ ဖာ၊ ကြာဆံ ၁၄ ဖာ၊ ကော်ဖီမစ် ထုပ်များနှင့် ဆေးမျိုးစုံ တစ်ဖာနှင့် တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် Royal D ဖာ ၃၀ ၊ ငါးခြောက် ပိဿာ ၃၀၊ ခေါက်ဆွဲခြောက်ဖာ ၄၀၊ ကြက်ဥ အလုံး ၁၀၀၀၊ ငါးပိအထုပ် ၁၀၀ နှင့် ရေဆူ ဆေးပြားဘူး ၃၀ တို့ကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး လုံခြုံ စိတ်ချရသောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများကို နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိ။
  • တာဝန်ရှိသူများက အဆိုပါ တိမ်းရှောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ငွေကျပ်သိန်း ၃၀၀ ငါးခြောက် သုံးအိတ်နှင့် ပိဿာ ၃၀၊ ငါးသေတ္တာ ငါးဖာ၊ ခေါက်ဆွဲခြောက် ၅၄ ဖာ၊ ကြာဆံ ၁၄ ဖာ၊ ကော်ဖီမစ်ထုပ်များ၊ ဆေးမျိုးစုံ တစ်ဖာနှင့် Royal D ဖာ ၃၀ ရေဆူဆေးပြားဘူး ၃၀၊ ကြက်ဥအလုံး ၁၀၀၀ နှင့် ငါးပိအထုပ် ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့။

 

 

Add new comment