တပ်မတော်ဆေးတက္ကသိုလ်၏ (၉) ကြိမ်မြောက်နှင့် (၁၀) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

တပ်မတော်ဆေးတက္ကသိုလ်၏ (၉) ကြိမ်မြောက်နှင့် (၁၀) ကြိမ်မြောက် ဘွဲ့လွန် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့်အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါ ဘွဲ့နှင်းသဘင်နှစ်ရပ်တွင် ပါမောက္ခချုပ်က  ပါရဂူဘွဲ့ ၅၆ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၇၅ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၃၂ ဦး၊ ဆေးပညာဘွဲ့လွန်ဒီပလိုမာဘွဲ့ ၄၅ ဦး၊ စုစုပေါင်း ၂၀၈ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ဘွဲ့ယူမည့်ပါရဂူဘွဲ့ နှစ်ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၅၁ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၇ ဦး၊ ဆေးပညာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၇၇ ဦး၊ စုစုပေါင်း ၃၅၇ ဦးတို့အား ဘွဲ့ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၄၉၀ ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၂၀၇ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၆၈ ဦး၊ ဆေးပညာဘွဲ့လွန်ဒီပလိုမာ ၂၆၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိ ဆေးပညာမဟာသိပ္ပံဘွဲ့လွန် အမှတ်စဉ် (၂၇)တွင် သင်တန်းသားအရာရှိ ၅၈ ဦး၊ အမှတ်စဉ် (၂၈) တွင် သင်တန်းသားအရာရှိ ၂၀၁ ဦး၊ အမှတ်စဉ် (၂၉) တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ စုစုပေါင်းဘွဲ့လွန်သင်တန်းသားအရာရှိ ၅၆၃ ဦး သင်တန်းတက်ရောက်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

  • တပ်မတော်ဆေးတက္ကသိုလ်၏ () ကြိမ်မြောက်နှင့် (၁၀) ကြိမ်မြောက် ဘွဲ့လွန် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါမောက္ခချုပ်က ဘွဲ့ရရှိမည့်သူ စုစုပေါင်း ၂၀၈ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ဘွဲ့ယူမည့်သူ စုစုပေါင်း ၃၅၇ ဦးတို့အား ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့။
  • တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့  ၂၄၉၀ ဦး၊ ဆေးလက်တွေ့နှင့်ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၂၀၇ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၆၈ ဦး၊ ဆေးပညာဘွဲ့လွန်ဒီပလိုမာ ၂၆၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်။

 

 

 

 

Add new comment